စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။

လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊ ညောင်ရွှေ၊ မိုးနဲ့၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲနှင့် မက်မန်း မြို့နယ်တို့ ပါဝင်သည်။

သို့သော် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဖယ်ခုံရှမ်းလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ထဲကိုတော့ စစ်တပ်က ပြန်ပြီးထိန်းချုပ်နိုင်ပါပြီ။ မြို့ပြင်မှာရှိတဲ့ ကျေးရွာတွေမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်တာနေတာမျိုး ရှိပါတယ်။ တစ်ခါတစ်လေလည်း တိုက်ပွဲမဖြစ်ဘဲ ငြိမ်နေပါတယ်။ စစ်ဘေးရှောင်တွေတော့ နေရပ်မပြန်နိုင်ကြသေးဘူး”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်က သာလွန်လူအင်အားနှင့် နည်းပညာမြင့် ဒရုန်းတွေသုံးပြီး ခြောက်လကြာအောင် ထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ဇူလိုင်လတွင် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဖယ်ခုံမြို့ပေါ်တွင် မဲရုံ ၆ ရုံသာရှိပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီမှ ကွင်းဆင်းစည်းရုံးရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သည့်အပြင် တိုက်ပွဲကြောင့် ဒေသခံများလည်း နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

“ဝင်ပြိုင်မှာလည်း ကြံခိုင်းရေးတစ်ပါတီပဲရှိတယ်။ နေရပ်ပြန်ဖို့လည်း မခေါ်ဘူး၊ ရွေးကောက်ပွဲအတွက် ပြန်ဖို့လည်း အစီစဉ်မရှိဘူး။ ပြန်ရဲတဲ့လူလောက်တွေပဲ ပြန်ကြတာ။ အခုအခြေအနေက နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ဖို့က လည်းမလွတ်ဘူးလေ”ဟု ဖယ်ခုံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသောကြောင့် ကျေးရွာ ၂၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေလျက်ရှိသဖြင့် စစ်ဘေးရှောင်များအနေဖြင့် မဲမထည့်နိုင်ကြပေ။

“ရွေးကောက်ပွဲကတော့ ဖယ်ခုံမြို့ရဲ့ အရှေ့ဘက်ကမ်း ကျေးရွာအုပ်စုတွေနဲ့ အနောက်ဘက်ကမ် မြို့ပြင်တွေမှာရှိတဲ့ ကျေးရွာတွေက မဲပေးပိုင်ခွင့်မရှိဘူး။ ဖယ်ခုံမြို့နယ် တစ်ခုလုံး ကြံ့ခိုင်ရေး ပါတီ တစ်ခုပဲရှိတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်လောက်ရှိပါတယ်”ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

အလားတူ ၂၀၂၅ စက်တင်ဘာလက တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ခန့်မှ စစ်ဘေးရှောင် ဦးရေ ၆,၀၀၀ ကျော်လည်း ဘေးလွတ်ရာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၆ ဇန်နဝါရီလ ၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် မဆန္ဒနယ် ၅၆ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိသည့် နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ်၊ နောင်မွန်း၊ မံစီ၊ ရွှေကူ၊ စစ်ကိုင်း တိုင်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံ၊ မကွေးတိုင်း ဂန့်ဂေါနှင့် ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ တို့ဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၉)၊ ပုဒ်မ ၄၁ (က) ပါ ပြဋ္ဌာန်းချက်တွင် “မဲဆန္ဒနယ်တစ်ခုတွင် ရွေးကောက် တင်မြှောက်ခံရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိမည်ဆိုလျှင် အဆိုပါမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ယှဉ်ပြိုင်သူကိုသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာရမည်” ဟု ပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...