တာချီလိတ်

တရုတ်သံအမတ် တာချီလိတ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သွားရောက် စစ်ဆေး

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးများ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms....

တာချီလိတ်မြို့တွင် ရေထပ်ကြီးပြန်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ (သြဂုတ် ၁၆ )ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မယ်ဆိုင်ချောင်း၏ ရေအမှတ်မှာ ၄၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မဟာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက်များရှိ နေအိမ်များနှင့်...

ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်များ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများတွင် ရေကြီးပြီး စက်ပျက်သွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို လူဦးရေ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး...

တာချီလိတ်မြို့ လောင်းကစားရုံများ ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့အတွင်းတွင် လောင်းကစားရုံ လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် တာချီလိတ်မြို့အတွင်း ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လောင်ကစားရုံ လုပ်ငန်းများ ပြန်လည်ဖွင့််လှစ်ပြီး ကာစီနို ၊ ငါးခုံ စသည့် လောင်းကစားအမျိုးမျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြကြောင်း အသက် ၂၅...

သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ

“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈)...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

မယ်ဆိုင်ရေကြီးမှုကြောင့် တာချီလိတ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်လုပ်စက်ပျက်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး တံတားအောက်ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများရေဝင်ပြီး စာအုပ်လုပ်သည့် စက်ပျက်စီးသွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်း သွားလာခွင့် (BP) စာအုပ် ပြုလုပ်ခြင်း၊ အသစ်လှဲလှယ်ခြင်း ရပ်နားထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများ...

ဝီဖာမုန်တိုင်းရိုက်ခတ်မှုကြောင့် တာချီလိတ်တွင် မိုးကြီးလေပြင်းတိုက်၊ လူ (၂) ဦး ဓာတ်လိုက်ခံရ

တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဝီဖာ (WIPHA) မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မိုးကြီးလေပြင်းတိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၁) ရက်နေ့ ည (၇) နာရီတွင် ဝီဖာ (WIPHA) မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင်...

တာချီလိတ်မြို့ ရွှေဆိုင်ပိုင်ရှင် အားချန်ကို မူးယစ်ရာဇာအဖြစ် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်လုပ်ငန်းရှင် အားချန် (ခ) စီမာဘင် ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဘုတ်အဖွဲ့ (Office Of the Narcotics Control Board –...

တာချီလိတ်မြို့ ကြုံနေရသည့် ရေကြီးမှုပြဿနာတာဝန်ရှိသူများ ဖြေရှင်းကူညီမှုမရှိ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် မကြာခဏ ရေကြီးမှုများ ကြုံတွေ့နေရသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။ မုတ်သုံအဝင် ဦးစီးအစမှာပင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများဝင်ရောက်ကာ ရေကြီးမှုဒဏ်အား ထပ်မံရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော် ရေကြီးမှုဖြစ်ပေါ်ရသည့်...

Latest news