တရုတ်သံအမတ် တာချီလိတ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သွားရောက် စစ်ဆေး

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးများ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia သည် သျှမ်းပြည် တာချီလိတ်ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို သြဂုတ်လ ၁၄ရက် မှ ၁၅ရက်အထိ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လန်ချန်း-မဲခေါင်စီမံကိန်းများသည် တိုးတက်လာကြောင်း၊ စီမံကိန်းများသည် မြန်မာနိုင်ငံရှိ ပြည်သူလူထုကို များစွာ အကျိုးပြုခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံက ယနေ့ (သြဂုတ် ၁၆)ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ကွင်းဆင်းကြည့်ရှုကာလအတွင်း တရုတ်နိုင်ံ သံအမတ်ကြီး Ms. Ma Jia မှ တရုတ်နိုင်ငံဆိုင်ရာ စခန်းချ ရဲဝန်ထမ်းများအား နှစ်သိမ့်အားပေးခဲ့ပြီး တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း နှင့် တာ့ဟွာ ဗုဒ္ဓဘာသာ စံပြစာသင်ကျောင်းသို့ ကြည့်ရှုလေ့လာခဲ့ကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...