တာချီလိတ်
တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...
တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...
တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...
တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...
တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...
တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။ သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...
တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...
မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...
မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး
SHAN -
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...
တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...





