စစ်ဘေးရှောင်

သိန္နီ စစ်ဘေးရှောင်များ တောလမ်းမှတဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့် သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်များသည် လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်မှုများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း မြို့ပေါ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ‌လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် နိုဝင်ဘာလ ပထမပတ်မှစ၍ စားနပ်ရိက္ခာ အခက်အခဲ နှင့် လုံခြုံရေး အခြေအနေများကြောင့်...

မူဆယ်မြို့ပေါ်ရောက် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သြဂုတ်လနှောင်းပိုင်းအတွင်း စယ်လန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင် (၂၀၀) ကျော်သည်...

သျှမ်း – ကရင်နီနယ်စပ် ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန်၊ နှစ်ထောင်နီးပါးတောထဲ တိမ်းရှောင်နေရ

သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန် နေလျက်ရှိပြီး၊ ဒေသခံ ၂ ထောင်နီးပါး တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမ အပတ်မှစ၍ ယာဒိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့်...

ကရင်နီ စစ်ရှောင်များ အကူညီပေးရေး ပိုခက်ခဲလာနေ

ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာသည်နှင့်အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်ကူညီထံမှ သတင်းသိရသည်။ ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ...

ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်း ကျော်အတွက် ကုန်စိမ်းများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် ကုန်စိမ်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပုံ Kayan Rescue Committee -KRC ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များသည် ၂ နှစ်ကျော်ကြာ တောထဲထွက်ပြေးလာရပြီး ယခု ကာလအတွင်းမှာ အလှူရှင်တွေက ဆန်ကိုသာ ကူညီပေးကြသည့်အတွက်ကြောင့် ကုန်စိမ်းများအတွက် ခက်ခဲလာခဲ့ကြောင်း...

ကျောက်မဲမှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များ မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရ

သျှမ်းပြည် ကျောက်မဲမြို့မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ် ရကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့်...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီထောက်ပံ့မှု အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထားကြောင်း သိရသည်။ မတ်လကုန်ပိုင်းမှစပြီး...

SNLD မှ သျှမ်းအနုပညာရှင်များ စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ရန် တိုက်တွန်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) မှ သျှမ်းအနုပညာရှင်များ စုပေါင်းကာ သျှမ်းပြည် အသီးသီး နှင့် သျှမ်း - ကယား နယ်စပ်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ကြရန် ပြောဆို တိုက်တွန်းထားသည်။ အဆိုပါ ကိစ္စ ဖြစ်စဥ် နှင့် ပတ်သက်ပြီး သျှမ်းအနုပညာရှင်များ...

လဲချားစစ်ဘေးရှောင်များ ဝမ်းစာစိုက်ပျိုးရေး လုပ်ရန်အတွက် နေရပ်ပြန်လို

ယခုအချိန်သည် စိုက်ပျိုးရာသီ ဖြစ်သည့်အတွက် သျှမ်းပြည် လဲချားရောက် စစ်ဘေးရှောင်များက နေရပ်ပြန်လို ကြကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်ရှိ ဟော်ခမ်းကျောင်းတိုက်၊...

နောင်ချိုမြို့နယ် လုံခင်းကျေးရွာတွင် စစ်ကောင်စီက ပြည်သူပိုင်ပစ္စည်းများ ထပ်မံမွှေနှောက်ယူသုံး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက ပြည်သူပိုင် ပစ္စည်းများ၊ ကြက်၊ဝက် နှင့် အခြေခံစားသောက်ကုန်များကို ယူသုံးဆောင်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် လုံခင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်သူများ စစ်ဘေးရှောင်နေချိန် ရွာတွင်း မွှေနှောက်ခဲ့ကြောင်း ဒိုးပင်ကျေးရွာ အုပ်စု...

Latest news