မူဆယ်မြို့ပေါ်ရောက် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရသည်။

.

စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သြဂုတ်လနှောင်းပိုင်းအတွင်း စယ်လန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင် (၂၀၀) ကျော်သည် ဟိုနားရပ်ကွက်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာလ ၇) ရက်တွင် ဟိုနားရောက် စစ်ဘေးရှောင် ၂၀၀ ကျော်သည် နေအိမ်အတွက် စိုးရိမ်ပူပန်သဖြင့် လုံခြုံရေး စိုးရိမ်စိတ်ရှိနေသည့်ကြား နေရပ်ပြန်သွားကြကြောင်း ဒေသအတွင်း ပရဟိတ အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓာတ်ပုံ – ကမ်းလက် လူမှုကူညီရေး ပရဟိတအသင်း။(ဟိုနားရောက် စစ်ရှောင်များ နေရပ်ပြန်ရန် ပြင်ဆင်နေကြစဥ်။)

“မနေ့က သူတို့ ပစ္စည်းတွေ သိမ်းပြီး ဟိုနားကျောင်းကနေ ပြန်သွားကြပြီ၊ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့နော်။ အခုထိ စစ်တပ်ရော TNLA ရော ရွာထဲမှာ ရှိနေကြတာဆိုတော့ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်။ ဒါပေမဲ့ စစ်ရှောင်တွေက အိမ်ကိုပစ်ထားတာ ကြာလို့ စိတ်ပူလို့တဲ့၊ အဲ့ကြောင့် စိုးရိမ်စိတ် ကြားက နေရပ်ပြန်သွားကြတာ” ဟု ပရဟိတ အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုနားရောက် စစ်ဘေးရှောင်များသည် စယ်လန့်ကျေးရွာအုပ်စုမှ နမ့်ကတ်ကျေးရွာ၊ မိုက်ဆက်ကျေးရွာ (ဝၢၼ်ႈမႆ့သၵ်း) နှင့် စယ်လန့်ကျေးရွာမှ ဒေသခံများဖြစ်ကြပြီး စုစုပေါင်း ၂၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

စစ်ရှောင်ရောက်ရှိလာစဥ် ကာလအတွင်းတွင် စားဝတ်နေရေး နှင့် နေရာထိုင်ခင်းအတွက် မူဆယ်မြို့နယ် အတွင်းရှိ ပရဟိတလူမှုကူညီရေး အသင်းများ စုပေါင်း၍ သော်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ကူညီထောက်ပံ့မှု ဖြင့် သော်လည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဟိုနားကျေးရွာမှ စစ်ရှောင်များ အပြင် မူဆယ်မြို့ပေါ် ရပ်ကွက်များသို့ စစ်ရှောင်ကြသည့် စယ်လန့်ဒေသခံ အများစုကလည်း နေရပ်သို့ အသီးသီး ပြန်သွားကြကြောင်းလည်း မူဆယ်မြို့ပေါ် စစ်ရှောင် ကူညီပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မြို့ပေါ်က စွမ်စော် ရပ်ကွက်၊ တင်းလုံရပ်ကွက် ၊ ပန်ခမ်းရွာ တို့က အမျိုးတွေဆီကို စစ်ရှောင်သွားကြတဲ့ အများစုကလည်း နေရပ်ပြန်ကြပြီ။ တိုက်ပွဲသံတွေလည်း မကြားရတော့လို့ ပြန်သွားကြတာ” ဟု မူဆယ်မြို့ပေါ် စစ်ရှောင် ကူညီပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ် နှင့် TNLA တပ်တို့သည် မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ငြိမ်သက် သွားပေမဲ့ သိန္နီမြို့နယ် ၊ ကွတ်ခိုင်မြို့နယ် အနီးပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများက ဆက်လက်ရှိနေကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

စစ်ကောင်စီတပ် နှင့် TNLA တပ်တို့အကြား ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်တပ်သားများ ထိခိုက်ကျဆုံးမှု ရှိသည့်အပြင် အရပ်သားနေအိမ်များ၊ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှု ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...