Tuesday, January 27, 2026

စစ်ဘေးရှောင်

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင်...

ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေကြကြောင်းစုံစမ်းသိရသည်။  ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့ စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင် တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေး တိမ်းရှောင်လာကြရ ကြောင်းသို့ရသည်။  ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊...

ညောင်ရွှေမြို့နယ်ရောက်စစ်ဘေးရှောင်လူငယ် တစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လွိုင်ကော်မှ စစ်ဘေးရှောင်လာသော လူငယ်တစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အသတ်ခံရပြီး သေဆုံးသွားသည့် စစ်ရှောင်လူငယ်သည် အေးသာယာမြို့ နည်းပညာတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော‌ ကျောင်းသားတစ်ဦးဖြစ်ပြီး ဩဂုတ်လ ၂ ရက် သောကြာနေ့ညနေတွင် အေးသာယာမြို့မှ စစ်ရှောင်ရင်းနေထိုင်ရာ ညောင်ရွှေမြို့သို့ ပြန်လာစဉ် လမ်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ “ရဲတွေကတော့...

မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ

ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့်...

ဆီဆိုင်မြို့ စစ်ဘေးရှောင်များကို အကြောင်းပြုပြီး ငွေလိမ်လည်မှုရှိနေ

တိုက်ပွဲကြောင့် ဆီဆိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပုံများအား အသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများပေါ်မှတစ်ဆင့် အလှူခံကာ ငွေလိမ်လည်နေလျက်ရှိသည်။ အများပြည်သူဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူပြီး အလှူခံကာ ငွေလိမ်လည်နေသဖြင့် သတိပြုရန် လိုအပ်သည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် Khain Zar Lwin ဆိုသည့်အကောင့်နာမည်ဖြင့် “ အလှူခံ Post လေးပါ။ စစ်စံထွန်း...

သျှမ်းမြောက် မူဆယ် – နမ့်ခမ်း စစ်ရှောင် (၈၀၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁ လ နီးပါး ရှိလာပြီဖြစ်သည့်အတွက် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ စစ်ရှောင်များသည် ကျောင်းခမ်းဘုန်းကြီးကျောင်း (၅၀၀) ကျော်၊ ကွန်ဟိုင်းဘုန်းကြီးကျောင်း မြောက်ဘက် (၈၈၀)...

လောက်ကိုင်မှ ထွက်ခွာလာသည့် စစ်ဘေး‌ရှောင်ကြားထဲသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ၃ ဦးသေဆုံး

သျှမ်းပြည် လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် လူအုပ်ကြားထဲသို့ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်တွင် လောက်ကိုင်မြို့အထွက် လေးမျက်နှာဘုရား တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချင်းရွှေဟော်မြို့ဘက်သို့ ဦးတည်ထွက်ခွာနေသည့်...

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် သျှမ်းမြောက် စစ်ဘေးရှောင် ၅ သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅ သောင်းကျော်သည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သီပေါမြို့ ကျင်သီတံတားနှင့် သိန္နီမြို့ဝင်...

သိန္နီ စစ်ဘေးရှောင်များ တောလမ်းမှတဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့် သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်များသည် လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်မှုများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း မြို့ပေါ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ‌လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် နိုဝင်ဘာလ ပထမပတ်မှစ၍ စားနပ်ရိက္ခာ အခက်အခဲ နှင့် လုံခြုံရေး အခြေအနေများကြောင့်...

မူဆယ်မြို့ပေါ်ရောက် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သြဂုတ်လနှောင်းပိုင်းအတွင်း စယ်လန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင် (၂၀၀) ကျော်သည်...

Latest news