နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆောင်းရာသီရောက်တော့ အခုက သက်ကြီးပိုင်း လူတွေအတွက်ကတော့ စောင်တွေလိုအပ်နေတာ။စောင်နဲ့ အနွေးထည်ကတော့ လှူတဲ့အဖွဲ့အစည်းက မရှိသလောက်ပါပဲ။ဆောင်းရာသီရောက်နေတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက်က အလှူရှင်ရှိဖို့တော့ မျှော်လင့်ပါတယ်။ကျန်နေတာက သက်ကြီးပိုင်းနဲ့ကလေးတွေက ပိုများတယ်လေ။”ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ထဲတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးပိုင်း ပိုများသည့်အတွက် ကျန်းမာရေး စောင့်‌ရှောက်မှုများလည်း လိုအပ်နေကြောင်း ၎င်းကဆက်ပြောသည်။

ထိုစစ်ဘေးရှောင်များသည် လက်ရှိအချိန်ထိ နေရပ်ပြန်ရန် ခက်ခဲမှုများရှိနေသည့်အပြင် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်များစွာကျန်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီသည့်အမျိုးသားတစ်ဦးက ဆက်ဆိုသည်။

ပင်လောင်းစစ်ရှောင်

“သူတို့တွေကတော့ မြန်မြန်အိမ်ပြန်ချင်ကြပါတယ်။ကိုယ်နေရာကိုယ်ဒေသမှာ‌ နေချင်ကြတယ်ဆိုတော့ သူတို့ ကတော့ ပြန်နေချင်တယ်။ဒီမှာကသူတို့ဒေသမဟုတ်တော့ စားနပ်ရိက္ခာတွေစားသောက်တာတွေက စ အဆင်မပြေဘူးလို့တော့ ပြောကြတယ်။သူတို့သားသမီးတွေ ကျောင်းတက်နေလို့မပြန်နိုင် ကြသေးတာရယ်၊ နေအိမ်တွေပျက်စီးလို့ ပြန်လို့မပြန်နိုင်တော့တာရယ် လယ်ယာမြေတွေလုပ်စားမရတော့လို့ ပြန်ဖို့ အဆင်မပြေ တော့တဲ့လူတွေပေါ့။”ဟု ၎င်းက‌ပြောသည်။

ထိုစစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်သည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့တိုက်ပွားများကြောင့် ထွက်ပြေးတိမ်းရှောင် လာသူအပြင်၊ ၂၀၂၃နိုဝင်ဘာလ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်း-ကရင်နီ နယ်စပ် တစ်လျှောင်တွင် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီပြည် လွိုင်ကော်မြို့နယ်ဒေသခံများလည်းပါကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...