ဆီဆိုင်မြို့ စစ်ဘေးရှောင်များကို အကြောင်းပြုပြီး ငွေလိမ်လည်မှုရှိနေ

တိုက်ပွဲကြောင့် ဆီဆိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပုံများအား အသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများပေါ်မှတစ်ဆင့် အလှူခံကာ ငွေလိမ်လည်နေလျက်ရှိသည်။

အများပြည်သူဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူပြီး အလှူခံကာ ငွေလိမ်လည်နေသဖြင့် သတိပြုရန် လိုအပ်သည်။

ယခုရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် Khain Zar Lwin ဆိုသည့်အကောင့်နာမည်ဖြင့် “ အလှူခံ Post လေးပါ။ စစ်စံထွန်း ဆေးရုံသို့ရောက်ရှိ ဆေးကုသနေ။ လူကိုယ်တိုင်သွားရောက်နိုင်ပါသည်။ K-pay နံပါတ်…” ဟုဆိုကာ ဒဏ်ရာရထားသည့် အမျိုးသမီးဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ထိုအမျိုးသမီးဓာတ်ပုံဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေစဉ်က မှတ်တမ်းရိုက်ယူထားသည့် ဓာတ်ပုံဖြစ်ပြီး၊ အဆိုပါအမျိုးသမီးက ဒဏ်ရာရရှိထားသဖြင့် ခွဲစိတ်ကုသရန် အကူအညီလို အပ်နေကြောင်း ကာယကံရှင်များက ဖေဖော်ဝါရီလ ၂၇ ရက်၌ အလှူခံပိုစ့်တောင်းခံထားခြင်း ဖြစ်သည်။

ဤသို့အကူညီတောင်းခံခြင်းပုံကို တချို့ကပြန်လည်ကူးယူပြီး ဖော်ပြကာ အလှူခံသလိုဟန်ဆောင်ကာ ငွေလိမ်လည်နေကြောင်း ကာယကံရှင်ဖြစ်သူကဆိုသည်။

အလားတူ ဆီဆိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် စုစုပေါင်း ၁၇ ဦး ပတ္တမြားဂူအတွင်း ပိတ်မိနေသဖြင့် အကူညီလိုအပ်နေကြောင်း၊ ကလေးငယ်များ စားနပ်ရိက္ခာလိုအပ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှရေးသားထားသည့် သတင်းမှားယွင်းနေသည်။

စစ်ဘေးရှောင်များကိုအကြောင်းပြု၍ ငွေလိမ်လည်နေခြင်းဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေ စားဖို့သောက်ဖို့မရှိဘူး ကူညီပါဆိုပြီး ပြောလာတယ်။ ပိုက်ဆံတောင်းလာပါတယ်။ ဦးဇင်းက ငွေမလွှဲပေးဘဲ ကိုယ်တိုင်သွားလှူမယ်ဆိုပြီး ဟင်းသီးဟင်းရွက်၊ ပစ္စည်းတွေဝယ်ပြီး သွားတယ်။ ဟိုရောက်တော့ တကယ်လည်း စစ်ဘေးရှောင်တွေ မရှိဘူး” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ စစ်ဘေးရှောင်အကြောင်းပြုပြီး ငွေလိမ်လည်ခြင်းပြုလုပ်မှုကြောင့် မြေပြင်တွင် ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်များထံ အကူညီမရောက်သည့်အပြင် ကူညီသူများအနေဖြင့်လည်း ငွေလိမ်ခံရပြီး စစ်ဘေးရှောင်များကို ထပ်မံကူညီရန် စိတ်ကသိကအောင့်ဖြစ်စေကြောင်း ဆိုသည်။

“အခုချိန်မှာ စစ်ဘေးရှောင်တွေ အမှန်တကယ်အကူညီလိုအပ်နေတာပါ။ စားဖို့သောက်ဖို့ တကယ် ခက်ခဲနေတယ်။ ဒါကိုတချို့က အခွင့်ကောင်းယူပြီး ငွေလိမ်တာက မကောင်းပါဘူး။ မြေပြင်မှာရှိတဲ့ စစ်ဘေးရှောင်တွေထံ အကူညီမရောက်သလို ကူညီတွေသူအနေနဲ့ စေသနာ ပျက်ပြားစေပါတယ်” ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးက တောင်းဆိုထားသည်။

သျှမ်းသံတော်ဆင့် စာဖတ်ရိတ်သတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် သတင်းများကို ချက်ချင်းမယုံဘဲ ယုံကြည်ရသည့် သတင်းဌာနများသို့ သွားရောက်ဖတ်ရှု၊ ကြည့်ရှုရန် တိုက်တွန်းပါသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ဆီဆိုင်မြို့ #စစ်ဘေးရှောင် #ငွေလိမ်လည်

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ကောင်စီ #ပြည်သူ့စစ် #ပျူစောထီး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...