ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ကြုံနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သည် ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ ၊ထီဗွားကျေးရွာ နှင့် လိန့်ညားကျေးရွာများတွင် အဝီစိတွင်းရေများ မရှိသည့်အပြင် မိုးရေ နှင့် တောင်ကျရေကို အဓိက ထားသုံးနေရသည်။

ထို့ကျေးရွာများတွင်နေထိုင်သည့် ဒေသခံများ နှင့် စစ်ဘေးရှောင်များ အတွက် ရေပြဿနာများကြုံတွေ့ နေရကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီတောင်ဖက်မှာ အဝီစိတွင်းတွေ မရှိဘူးပြီးတော့ အရင်ကတည်းကရေရှားတဲ့ရွာလည်းဖြစ် စစ်ဘေးရှောင် တွေကောရှိနေတော့ ရေက မလုံလောက်တာပေါ့။တစ်နှစ်လုံးမှာ သုံးနေတာက မိုးရေကို အဓိက သုံးတာအဲ့ ရေတွေလည်းကုန်ပြီ။ တောင်ကျရေတွေကိုလည်းသုံးတယ်။ အဲ့ရေတွေကလည်း ခမ်းကုန်ပြီ။ပင်လောင်း တောင်ပိုင်းမှာက ချောင်းတွေမရှိဘူး။”ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

လက်ရှိရေရှားပါမှုကြောင့် ဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါနှင့် ဝမ်းပျက်ဝမ်လျောရောဂါ များကို ရင်ဆိုင်ကြုံတွေ့နေရပြီး၊ ကျန်းမာရေးအတွက် အထောက်အကူပြုပစ္စည်းများဆေးဝါးများ၊ သောက်သုံးရေသန့်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသည့်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

“ဝမ်းပျက်ဝမ်းလျောတွေတော့ စဖြစ်နေတာမျိုးတော့ရှိတယ်။ရာသီအပြောင်းအလဲကြောင့်ကော ဒီရေမသန့် တာတွေကြောင့်ကော ဝမ်းပျက်ဝမ်းလျော ဖြစ်နေတာမျိုးရှိနေတယ်။ပြီးတော့ တစ်ကိုယ်ရေးသန့်ရှင်းရေး အတွက် အရေပြားရောဂါတွေဖြစ်နေတာလည်း ရှိတာပေါ့။ အဲ့ဒါကတော့ လူအနည်းစုလောက်တော့ ဖြစ်နေတယ်။တချို့ ရွာတွေတော့ မပြောတက်ဘူး။”ဟု ၎င်းကပြောသည်။

သောက်ရေ သုံးရေများ မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသည်း ရောင်အသားဝါ၊ အူရောင်ငန်းဖျား၊ ပိုလီယို၊ အရေးပြားရောဂါများ ဖြစ်တတ်ပြီး အသက်ဆုံးရှုံးသည် အထိ ပြင်းထန်နိုင်သည်။

လက်ရှိတွင် ပင်လောင်း တောင်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများသည် ရေရှားပါးမှုကြောင့် သောက်သုံးရန် ရေများကို ဝယ်သုံးနေရပြီး ရေတစ်ပီပါပုံး တစ်ပုံးလျှင် ၅ ‌ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ ပေးဝယ်နေရကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

“ကျနော်တို့က ရေကို တစ်ပီပါကို ၅ ‌ထောင်လောက်ပေးဝယ်နေရတာ။တစ်ပီပါကလည်း ဘယ်လောက်မှ မသုံးရဘူး။နေရာအလိုက် ဈေးနှုန်းကွာတယ်။တစ်ရွာနဲ့ တစ်ရွာကလည်း မတူဘူး။တချို့ရွာတွေကတော့ ပင်လောင်းထိ သွားဝယ်ရတယ်။ဒီလနဲ့ရှေ့ လ အတွက်ကတော့ စိုးရိမ်စရာတွေရှိတယ်လာနိုင်တယ်။ရေ အကူအညီတွေရရင်တော့ ကောင်းတာပေါ့။”ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ပင်လောင်းစစ်ရှောင်ကလေးငယ်

သျှမ်းပြည် တောင်ပိုင်း ၁ နှစ်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ မြို့နယ် တို့တွင် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ သောင်းနှင့်ချီကျန်ရှိနေကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်းကရင်နီ နယ်စပ် တစ်လျှောင်တွင် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီပြည် လွိုင်ကော်မြို့နယ်ဒေသခံများလည်းပါကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

ဒီးမော့ဆို စစ်ရှောင်များ ရေရှားပါးမှုကြုံနေရ၊ ယားနာ အဖြစ်များလာ

0
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအများစုတွင် နွေရာသီပိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ယားနာရောဂါများ အဖြစ်များလာကြောင်း သတင်းရရှိသည်။ ဒီးမော့ဆိုဘက်မှ စစ်ရှောင်အများစု နေထိုင်သည့် နေရာတွင် သောက်သုံးရေရရှိရန် အတွက် ရေချောင်းများကို မှီခိုရသော်လည်း နွေရာသီရေခန်းခြောက်မှုကြောင့် ရေများရှားပါးကာ အဝီစိတွင်းတူး၍ သုံးစွဲနေကြရသည်။ ထိုသို့ အဝီစိတွင်းတူး၍ ရေသုံးစွဲရာတွင် လောက်ငှမှုမရရှိ၍...