ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေကြကြောင်းစုံစမ်းသိရသည်။ 

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့ စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင် တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေး တိမ်းရှောင်လာကြရ ကြောင်းသို့ရသည်။ 

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်ကျင် သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့် အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း စစ်‌ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။ 

“အလုပ်ကလည်းမရှိဘူး။ အရမ်းပါးတယ်။အလုပ်က  မရှိတာပဲများပါတယ်။ တကယ်ကို အရမ်း အကူညီလိုအပ်နေပါတယ်။ မြို့နဲ့အလှမ်းဝေးတော့ ခက်တယ်။အကုန်လုံးက တနေ့လုပ်တနေ့စားတွေ ကြီးပဲလေ။ သွားဖို့လာဖို့ ခက်တော့ လာလှူတဲ့လူလည်းမရှိဘူး။အခုကတော့ ရွာကလူကို ချေးငှား စားပြီး အလုပ်လေးရှိမှ ရတဲ့ ပိုက်ဆံကို ပြန်စပ်နေ ရတာ”ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ 

ထို စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့သည် ညောင်‌ရွှေ – ပင်လောင်း နယ်စပ်တွင်တည်ရှိပြီး စစ်ဘေးရှောင်များသည် လက်ရှိတွင် ဘုန်းကြီးကျောင်းနှင့် ခန်းမဆောင်များတွင် နေထိုင်နေကြကြောင်း ၎င်းကဆက်ပြောသည်။ 

လက်ရှိပင်လောင်းမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သတ်လာသော်လည်း စစ်ကောင်စီနှင့်  ပအိုဝ်းပြည်သူ့ စစ် PNOတို့က နေရပ်ပြန်ခွင့်မပြုသေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများသည် ညောင်ရွှေမြို့နယ် နှင့် ပင်လောင်းမြို့အတွင်း သို့ ပြီးခဲ့သည့်စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...