တောင်ကြီး စစ်ကောင်စီက စစ်ရှောင်အတွက် ထောက်ပံ့သည့် ငွေကြေးကို အစိုးရဝန်ထမ်းဟောင်းများသာရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ စစ်ဘေးရှောင်များကို ထောက်ပံ့သည့် ငွေကို အစိုးရဝန်ထမ်းဟောင်းများသာ ရရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် တောင်ကြီးမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်ရှောင်များ၏ စာရင်းကို ကောက်ယူပြီး စစ်ဘက်ဆိုင်ရာ သက်ဆိုင်ရာ အကြီးအကဲများထံသို့ ပို့ပေးခဲ့ရသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

စစ်ကောင်စီဖက်မှ စစ်ရှောင်များအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးငွေကို မြေပြင်လက်တွေ့မှာ စစ်ရှောင်များမရဘဲ အစိုးရဝန်ထမ်းဟောင်း ဖြစ်သည့် စစ်ရှောင်များသာ ရရှိနေကြသည်ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ရပ်ကွက်တိုင်းကို စာရင်းပဲ ကောက်ခိုင်းတာ တစ်ပြားမှ မပေးဘူး။ သူတို့ဘက်ပါတဲ့ ပင်စင်စားတွေ ကိုပဲပေးတာ။ ရိုးရိုးအရပ်သားတွေကိုဆို တပြားမှ မပေးဘူး။ သူတို့လူနဲ့ သူတို့ကိုပဲ ဓာတ်ပုံရိုက်ရအောင် ပေးတာ။ စစ်ရှောင်တွေကို စာရင်းကောက်ခိုင်းတယ် ဆိုတာ သူတို့ရွေးကောက်ပွဲလုပ်ဖို့ အတွက်ပဲ ဖြစ်မယ်။” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်ခေါင်းဆောင်က စစ်ရှောင်အတွက် ထောက်ပံ့ကြေးဟုဆိုပြီး ပေးအပ်နေသည့် ပုံဟောင်း

တောင်ကြီးတွင် စစ်ရှောင်ဦးရေ (၅၀၀) နီးပါးမျှသာ ကျန်ရှိပြီး လားရှိုးမှ စစ်ရှောင်များ နေရပ်ပြန်ကုန်ကြကာ ကရင်နီစစ်ရှောင်အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင် အိမ်ငှားခဈေးတက်၍သော်လည်းကောင်း အလုပ်ကိုင်ရှားပါးခြင်းကြောင့် စစ်ရှောင်များအတွက် ရေရှည်အဆင်မပြေသည့် အဆင်မပြေသည့်ကြားမှ နေရပ်သို့ ပြန်ကုန်ကြသည်ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈)ရက်တွင် စစ်ရှောင်များကို တစ်ဦးလျှင် ကျပ်(၂သောင်း)ပေးမည်ဟု ဆို၍ မြို့တော်ခန်းမသို့ လာရောက်ထုတ်ယူခိုင်းပြီး ငွေကြေးမလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စု တစ်ခုလျှင် ကျပ်(နှစ်သောင်း)သာ ရရှိသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“လာကောက်သွားတုန်းက ကျတော့ တစ်ဦးကို နှစ်သောင်းတဲ့ ။တကယ်သွားလိုက်တော့ ပိုက်ဆံမလောက်လို့ အိမ်ထောင်တစ်စုမှာ နှစ်သောင်းပဲရမယ်တဲ့။ သူတို့ပေးတာကလည်း အဲဒီ ခန်းမသွားတဲ့ ဆီဖိုးပဲရှိတာ။လက်မှတ်နဲ့ ပုံတွေပဲ ယူသွားတာ။ငွေကြတော့ မရဘူး။ အပြောနဲ့အလုပ်နဲ့ မညီကြဘူး လူကြီးတွေက။” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရှောင်များသည် အိမ်ငှားခအပြင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်လလျှင် ကျပ်(၃သောင်း)ထည့်နေရကြောင်းနှင့် အသက်ရှင်ရေးအတွက်ပါ ရုန်းကန်လှုပ်ရှားနေကြရသည်ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ရှောင်များကို တစ်ဦးလျှင် ကျပ်(၂သောင်း) ထောက်ပံ့ပေးမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နေပြည်တော်တွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။

ညောင်ရွှေမြို့နယ် စံကား ဒေသဖက်တွင်လည်း ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၇ )ရက်နေ့တွင် စစ်ရှောင်ဦးရေများလိုက်လံ ကောက်ယူနေပြီး ဖြစ်ပြီး အချို့သောစစ်ရှောင်များမှာ ထောက်ပံ့ငွေများ ရရှိနေသည်ဟု သိရှိရသည်။

“မနေ့က တစ်ယောက်ကို နှစ်သောင်းကျပ်ရတယ်။ တခါတည်း လက်မှတ်ထိုးပြီး ပေးလိုက်တယ်။ တကယ်လို့ ကယားကို ပြန်မယ်ဆိုရင်လည်း သူတို့ဆီ စာရင်းပေးရမယ်တဲ့။ ဒီကပြန်ရင်လည်း ဟိုမှာ ထောက်ပံ့ငွေ ရအောင်လို့ပြောတာပဲ။ ကယားကလူကို ငွေရလားလို့ မေးကြည့်တော့ ရတယ်တဲ့။”ဟု စံကားတွင် စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီထောက်ပံ့ငွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး သဘာဝဘေးနှင့် စီမံခန့်ခွဲမှု ရန်ပုံငွေမှ အသုံးပြုသွားမည်ဟု စစ်ကောင်စီမှ ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စစ်ကောင်စီမှ ဟိုပုံး၊ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များတွင် ရှိသည့် စစ်ဘေးရှောင်များအတွက် ငွေကျပ် (၃၁၁၇ သိန်း ၆ သောင်း) ကို ပေးအပ်ခဲ့သည်ဟု သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...