Thursday, May 2, 2024

မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ

Must read

ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင် နေကြပြီး ဆေးဝါး နှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာမှာက လေကြောင်းတွေနဲ့ ပစ်နေကြတာ၊တောထဲပြေးတာတွေ ရှိတယ်။တချို့က ‌ဗုံးတွေထိပြီး ဒဏ်ရာရတဲ့ဟာတွေဆို ဆေးကုဖို့က ဘာမှမရှိဘူး။ ရုတ်တရက် ထွက်ပြေး ရတာဆိုတော့ စားနပ်ရိက္ခာတွေလည်း လိုနေတယ်။ ဆေးတွေအဓိကလိုတာပေါ့။ အခုက ဒီမှာ ဗုံးကြဲရင်တခြား ရွာကို ပြေးတယ်။ပြီးရင်လည်း ကိုယ်ပြေးတဲ့ရွာကိုလည်း သူတို့လိုက်ကြဲနေတာလေ ပြေဖို့နေရာ မရှိသလောက်ပဲ”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိမှာ ကုန်းလော၊လွယ်ဂျယ်၊ စိန်လုံ၊ပန်ကောင်းမှုး စသည့် ကျေးရွာ ၁၀ ခန့်ရှိ ဒေသခံများသည် နီးစပ်ရာ ကျေးရွာ၊ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် ၁ ထောင်ကျော်ထက်မနည်း ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

မိုးမောက်နှင့် လွယ်ဂျယ်ကြားရှိ စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းကြီးများဖြစ်သည့် ယောယုံ၊ မဒါဘွမ်၊ စိန်လုံ စသည့် စခန်းတွေနှင့် အတူ စခန်းပေါင်း ၁၀ ခုကျော် ကို KIA ဘက်က သိမ်းပိုက်လိုက်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article