ညောင်ရွှေရောက် စစ်ဘေးရှောင်များကို ရိက္ခာဖြတ်တောက်ထားပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတွင်နေထိုင်သည့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများကို ဖြတ်တောက်လိုက်ပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်းနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ညောင်ရွှေမြို့နယ် တွင် လာရောက်စစ်ရှောင်နေကြသူများကို ယခု မတ်လ အတွင်း နေရပ်ပြန်ကြရန် သက်ဆိုင်ရာအာဏာပိုင်များမှ အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

အချို့သော စစ်ရှောင်များမှာ နေရပ်ပြန်သွားကြသော်လည်း ကျန်ရှိနေသည့် စစ်ရှောင်များကို ကလေးများ စာမေးပွဲ ဖြေဆိုပြီးလျှင် နေရပ် အပြီးပြန်ကြရန်နှင့် အကယ်၍မပြောင်းရွှေ့လျှင် စစ်ရှောင်နေအိမ်ကို ချိတ်ပိတ်မည်ဟု စစ်ကောင်စီမှ ပြောထားသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့မောင်းမပြန်ခင် အရင်ဆုံးလွိုင်ကော်ကို ပြန်လာလိုက်တယ်။ သူတို့မောင်းပြန်မှဆို ရှက်လို့လေ။ ညောင်ရွှေက ရန်ကုန်ကျောင်းတိုက်၊ ဓမ္မာရုံမှာ စစ်ရှောင်တေကို ခုလ ကလေးတွေ စာမေးပွဲ ပြီးရင် ပြန်ဖို့ လက်မှတ်ထိုးခိုင်းထားတယ်။အလှူရှင်တွေကိုလည်း အဲဒီကျောင်းတွေက ရပ်ဆိုင်းထားတယ်တဲ့ ။ပြောရမယ်ဆို ရိက္ခာဖြတ်ပြီး ပြန်ခိုင်းတဲ့သဘောပေါ့။ မောင်းထုတ်နေတာလေ။” ဟု နေရပ်ပြန်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

ထို့အပြင် အချို့သော စစ်ရှောင်များမှာ ပြန်နေစရာ နေအိမ်မရှိကြတော့ဘဲ ညောင်ရွှေမြို့နယ် ဘုန်းကြီးကျောင်းများတွင် ဆက်လက် နေထိုင်နေကြပြီး အလှူရှင်များလည်း မလာကြသဖြင့် ဖြစ်သလိုသာ နေထိုင်စားသောက်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

ညောင်ရွှေမြို့နယ်မှ စစ်ရှောင်အများစုမှာ ကရင်နီပြည်လွိုင်ကော်ဖက်နှင့် သျှမ်း-ကယားနယ်စပ် မိုးဗြဲဖယ်ခုံဘက်မှ စစ်ရှောင်များဖြစ်ကြပြီး စစ်ရှောင်ဦးရေ စုစုပေါင်း (၈၀၀၀) ကျော်ရှိနိုင်သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယခုကဲ့သို့ စစ်ရှောင်များနေရပ်ပြန်ခိုင်းသည့်အပေါ် အင်းလေးဒေသခံ တစ်ယောက်အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို လူသားချင်းစာနာပေးစေလိုကြောင်း အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေမှာက တချို့က နေဖို့အိမ်ရှိသေးတယ်။တချို့က မရှိတော့ဘူး။ သူတို့မှာ ဒုက္ခရောက်လို့ လာခိုလှုံလာတာကို အတင်းပြန်ခိုင်းတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲအတွက်လား စစ်မှုထမ်းခိုင်းဖို့လား တစ်ခုခုတော့ဖြစ်မယ်။ အခုလို မအေးချမ်းဘဲ ပြန်ခိုင်းတော့ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ လူကြီးတွေကိုလည်း လူသားချင်းစာနာမှု ရှိစေချင်တယ်။” ဟု ၎င်း အမျိုးသားက ပြောသည်။

နေရပ်ပြန်သွားသည့် လွိုင်ကောင်စစ်ရှောင်များမှာလည်း လုံခြုံရေးကို ဂရုစိုက်နေထိုင်ရပြီး နေရပ်ပြန်လာ သူများလည်း တဖြည်းဖြည်း များလာသည်နေသည်ဟု ဆိုသည်။

“လုံခြုံရေးကတော့ ကိုယ့်ဟာကိုယ် လုံခြုံအောင်နေနေရတယ်။ စားသောက်ဖို့က ပိုက်ဆံရှိရင် အကုန်ဝယ်လို့ရနေပြီ။ ဈေးလည်း ပြန်ဖွင့်နေပြီ။ ကုန်ပစ္စည်းတွေလည်း သယ်လာလို့ရပြီ။ခုထိတော့ မီးလည်း မှန်နေတယ်။ဖုန်းလိုင်းလဲရနေတယ်။ နောက်တော့ဘယ်လို လာမလဲ မသိဘူး။” ဟု လွိုင်ကော်နေရပ်ပြန် အသက် (၄၀)ကျော် စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်တွင် စစ်ကောင်စီ ၊ပအိုဝ်းပြည်သူ့စစ် (PNO)နှင့် အင်းလေး (PDF)အပါဝင် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အရပ်သားနေအိမ်များကို လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် စစ်ရှောင် (တစ်ထောင်)ဝန်းကျင် အလုပ်ကိုင်ရှားပါးခြင်းများ ကြုံတွေ့နေရပြီး အလှူရှင်မရှိသည့်အတွက် စားနပ်ရိက္ခများကို ချေးငှား၍ စားသုံးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ညောင်ရွှေတွင် စစ်မှုထမ်းကြေး တစ်ဆကျော် တိုးကောက်မှုကြောင့် လူထုအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက် တစ်ဆကျော် တိုးမြှင့် ကောက်ခံနေသောကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး နည်းလမ်းအမျိုးမျိုးဖြင့်...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...