ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်ကလေးများ

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီထောက်ပံ့မှု အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထားကြောင်း သိရသည်။

မတ်လကုန်ပိုင်းမှစပြီး ပုံမှန်လစဉ် ကူညီထောက်ပံ့ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွား သောကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်ရာ စခန်း၊ ဘုန်းကြီးကျောင်း နှင့် ကျေးရွာမှ နေအိမ် စုစုပေါင်း နေရာ (၄၀) ကျော်မှ စစ်ရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှု စတင်ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စစ်ရှောင်များ ကူညီနေသည့် ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်

“ သင်္ကြန်မတိုင်ခင်ကတည်းက ဝေထားတယ်။ သင်္ကြန်ပြီး အခုချိန်ထိ မဝေရသေးဘူး။ အခုဆို စားနပ်ရိက္ခာပြတ် တာတော့ ၁ လကျော်၊ ၂ လ နီးပါးရှိနေပြီ။ စားနပ်ရိက္ခာပြတ်တာတော့ အလှူရှင်မရတာပေါ့။ တချို့ NGO တွေက သူတို့ ပရောဂျက် ကုန်သွားတာ။ တချို့ကျတော့လည်း ဒီဖက်က စီမံကိန်းကုန်သွားပြီလို့လည်း ပြောတယ်။ သူတို့လည်း တစ်နှစ်အတွက် ဘယ်နှစ်ကြိမ် ဝေရမယ်ဆိုတာ ရှိရင်ရှိကောင်းမှာပေါ့။ ကျနော်တို့လည်း သေချာမသိဘူး “ ဟု ၎င်း ကော်မတီဝင်တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ နေထိုင်ရာဒေသ စုစုပေါင်း နေရာ (၄၀) ကျော်ရှိပြီး စစ်ရှောင်ဦးရေ စုစုပေါင်း (၈) ထောင်လေးရာကျော် တိုးမြင့်လာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို စစ်ရှောင်စခန်းနီးပါးတိုင်းက ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နှင့် အလှမ်းဝေးပြီး သွားလာရန် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် အောင်ကလပ်၊ စလောင်းထောင် စသည့် ကျေးလက်ဒေသမှ စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တချို့လည်း စားစရာမရှိလို့ ဆန်ပြုတ်သောက်နေရတာ၊ ဟင်းသီးဟင်းရွက်ပဲ စားနေတာ ကြုံနေတယ်။ သူတို့နေရာက မြို့နဲ့ဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာ ရောက်နေလို့လေ။ အဲ့ဖက်က အလှူရှင် သိပ်မရောက်ဘူး။ အဲ့နေရာက စလောင်းထောင်၊ အောင်ကလပ်ရွာနားက စစ်ရှောင်တွေရှိတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် မေလ ၇ ရက်တွင် ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် လာသည့် အာဆီယံ ယာဉ်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း အလှူရှင်များသည် စစ်ရှောင်များကို လာရောက်ကူညီထောက်ပံ့ရန် ကြောက်လှန့်နေကြကြောင်း သိရသည်။

၎င်းအထက်ပါ အမျိုးသားတစ်ဦးက ဆက်လက်ပြီး “ စားနပ်ရိက္ခာက ဒီထက်ပြတ်လပ်သွားရင်တော့ ကျနော်တို့ စစ်ရှောင်တွေအတွက် လုံးဝ စားစရာမရှိတော့ဘူး။ နောက်ဆုံး ခိုးတဲ့အဆင့်ထိ၊ ဓားပြတိုက်တဲ့အဆင့်ထိ ဖြစ်သွားနိုင်တယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ရှောင်များသည် နေ့စားမလိုက်ရသည့်အပြင် ကိုယ်တိုင် စိုက်ပျိုးရန် တောင်ယာက မရှိခဲ့သဖြင့် ယခုလို အလှူရှင် ပြတ်လပ်သည့်ကာလ၌ စားဝတ်နေရေးသည် ပိုပြီးခက်ခဲလာနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေသည့် လူဦးရေ ၂.၁ သန်းအတွက် နှစ်ကုန်အထိ အမေရိကန် ဒေါ်လာသန်း ၆၀ လှူရန် WFP ကမေတ္တာရပ်ခံထားသည်။

အဆိုပါ ရန်ပုံငွေများ မရရှိပါက WFP ၏ အစီအစဉ်များသည် ယခုနှစ် သြဂုတ်လတွင် ရပ်တန့်ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...