ကရင်နီ စစ်ရှောင်များ အကူညီပေးရေး ပိုခက်ခဲလာနေ

ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာသည်နှင့်အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်ကူညီထံမှ သတင်းသိရသည်။

ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ သိန်းနှင့်ချီ ရှိနေပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးအတွက် လက်ရှိမှာ အလှူရှင် ကြပ်တည်းလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် အကူညီပေးရေးအတွက် ခက်ခဲလာနေသည်ဟု စစ်ဘေးရှောင်ကူညီသူ တစ်ဦးက ပြောသည်။

“ အကူအညီ လိုတာတော့ အများကြီးလိုပါတယ်။ စစ်ရှောင်စခန်းလည်း များလာတယ်လေ။ စခန်းတစ်ခုကို အိမ်ခြေ အနည်ဆုံး ၄၀ လောက်ရှိပြီး လူဦးရေက ၂ ရာကျော်ရှိတယ်။ တချို့စစ်ရှောင်တွေမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်တယ်။ တချို့စခန်းတွေမှာ အလှူရှင် မလာတာ ၃ လကျော်ရှိပြီ၊ ဆန်တွေလည်း ပြတ်နေတယ် “ ဟု ၎င်း စစ်ဘေးရှောင် ကူညီသူက ပြောသည်။

ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

အဆိုပါ စစ်ရေးပြင်းထန်သည့် နယ်မြေဒေသ ဖြစ်သောကြောင့် ကုန်ဈေးနှုန်းသည် အဆမတန် မြင့်တက်နေရာ ဆန် ၂၄ ပြည်အိတ် ၁ အိတ်ကို ၈ သောင်းကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် အလှူရှင်များထောက်ပံ့မှရသည့် စားနပ်ရိက္ခာများကို စစ်ရှောင်များအတွက် တစ်မိသားစုကို အနည်းဆုံး ဆန်၊ ဆီ၊ ဆား များ ခွဲဝေပေးလျက်ရှိသည်။

“တချို့ စစ်ဘေးရှောင်စခန်းက သွားရတာ အတော့်ကို ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေ အရမ်းတက်တော့ ကျနော်မှာရှိတဲ့ ဝင်ငွေနဲ့ဝယ်ရတာ မမျှတတဲ့ နေရာတွေလည်း ရှိတာပေါ့နော်။ အဓိကတော့ ငွေကြေးရေး ခက်ခဲနေတာပေါ့ “ ဟု ၎င်း စစ်ရှောင်ကူညီသူက ထပ်လောင်းပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်အပါအဝင် နယ်စပ်ဒေသ၌ အရပ်သားပြည်သူ (၃၆၅) ဦး သတ်ဖြတ်ခံရပြီး စစ်ရှောင်ဦးရေ (၁၃၆) ဦး သေဆုံးကာ လေကြောင်းတိုက်ခိုက်မှု (၅၂၇) ကြိမ် တိုက်ခိုက်ခံရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...