လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် သျှမ်းမြောက် စစ်ဘေးရှောင် ၅ သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅ သောင်းကျော်သည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် မန္တလေး – မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သီပေါမြို့ ကျင်သီတံတားနှင့် သိန္နီမြို့ဝင် နမ္မတူတံတားများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖျက်ဆီးထားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာကာ ကုန်စည်ပြတ်လပ်မှု နှင့် စတင်ရင်ဆိုင်နေကြရသည်။

Photo – Credit (သိန္နီ စစ်ဘေးရှောင်စခန်း)

ထို့ကြောင့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ် ၁၂ ခုတွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅ သောင်းကျော်သည် တိုက်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ အခက်အခဲကို ပိုမိုရင်ဆိုင် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည်။

ညီနောင်မဟာမိတ်များ၏ ဝိုင်းပတ်ထားခြင်းကို ခံနေရသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ဦးရေ ၉ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ စစ်ဘေးရှောင်များအတွက် တည်းခိုရန် နေရာနှင့် စားနပ်ရိက္ခာ အခက်အခဲတို့ ရှိနေသည်ဟု လားရှိုးဒေသခံများက ပြောသည်။

Photo – Credit ( လားရှိုးစစ်ရှောင်စခန်း)

“လားရှိုးမှာ စစ်ဘေးရှောင် ဦးရေက ၈ ထောင်မကတော့ဘူး၊ ၉ ထောင်အထက်မှာ ရှိနေပြီ။ အရမ်းများလာပြီ။ အခက်အခဲကတော့ အများကြီးရှိတယ်။ အဝတ်အထည်၊ အစားအသောက်၊ တည်းခိုရတဲ့နေရာ ဒီဟာတွေပေါ့။ အခုအခြေအနေမှာ အရမ်းအခက်အခဲဖြစ်နေတာက စစ်ရှောင်တွေထားမယ့် နေရာပေါ့”ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်တွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို လားရှိုးမြို့တွင်းသို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ဝင်ခွင့်မပေးတော့ဘဲ မြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင်သာ တည်းခိုနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်။

“အစားအသောက်တွေဆိုရင် မြို့ပြင်ကို ပေးမသယ်တာပေါ့။ အခြောက်အခြမ်းတွေ၊ ဆန် နဲ့ ဆီတို့လိုဟာမျိုးတွေကို သယ်သွားရင် သူတို့ဂိတ်တွေမှာ လုံးဝကို ပေးမယူတာ၊ ပေးမဖြတ်တာတွေ ရှိတယ်။ မြို့နဲ့ဝေးတဲ့ စစ်ရှောင်စခန်းတွေဆိုရင် စားရေးသောက်ရေး အရမ်းခက်ခဲနေတယ်”ဟု လားရှိုးမြို့နယ်အတွင်းရှိ မြို့နှင့်ဝေးသော ကျေးရွာဘုန်းကြီးကျောင်းများသို့ ရိက္ခာကူညီပေးနေသူတစ်ဦးက ၎င်း၏ အခက်အခဲကို သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo – Credit ( ကျောက်မဲ နောင်ပိန်စစ်ရှောင်စခန်း)

သိန္နီမြို့နယ်တွင်လည်း မြို့တွင်းနှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ဦးရေ ၉ ထောင်ကျော်ရှိကာ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူ ထောင်နှင့်ချီသည် စားနပ်ရိက္ခာ အခက်အခဲကြောင့် နီးစပ်ရာ မြို့ရွာများသို့ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်နေသည်များလဲ ရှိနေကြောင်း သိရသည်။

“အခု သိန္နီမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေက ညီနောင်မဟာမိတ်တွေ လမ်းကြောင်းပိတ်ထားလို့ အကူအညီ မရောက်ဘူး၊ ဘယ်လူမှုကူညီရေးအဖွဲ့မှ မသွားရဲ၊ မလာရဲ အခြေအနေ ဖြစ်နေတယ်။ မြို့ထဲက ပိတ်မိနေတဲ့သူ အချင်းချင်း ပြန်ကူရတာ။ မြို့နဲ့ ၁၂ မိုင်ပတ်လည် စစ်ဇုန်တွေမလို့ ဘယ်မှ မထွက်ရဲကြဘူး။ တိုက်ပွဲကြာလာတာနဲ့အမျှ သိန္နီမြို့ထဲပဲ ခိုလှုံနေတဲ့သူ ရှိနေသေးသလို မြို့ကနေ စွန့်ခွာတဲ့သူလည်း နေ့တိုင်းရှိတယ်”ဟု သိန္နီမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit (သိန္နီ စစ်ဘေးရှောင်စခန်း)

နောင်ချိုမြို့နယ်တွင် ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းသည် နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် အစွမ်းကုန် ထိုးဖောက်လျက်ရှိရာ စစ်ကောင်စီတပ် နှင့် TNLA ၊ မန္တလေး – PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်တွင် စစ်ရှောင်ဦးရေ ၂၅၀၀ ကျော်နှင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

နမ့်ခမ်းမြို့နယ်တွင်လည်း TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့ပေါ်တွင် ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စခန်းသစ်ကုန်းမှနေ၍ လက်နက်ကြီးဖြင့် မြို့တွင်း ပြန်လည်ပစ်ခတ်ခြင်းကြောင့် နမ့်ခမ်းဒေသခံ ၅ ထောင်ကျော်မှာ မြန်မာ – တရုတ်နယ်စပ်နှင့် မူဆယ်မြို့နယ်များတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသည်။

ပန်ဆိုင်းမြို့နယ်ရှိ နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်တွင်လည်း စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဦးရေ ၂၀၀၀ ကျော်သည် မြန်မာ – တရုတ်နယ်စပ် ဝမ်တိန်ဂိတ်အနီး တိမ်းရှောင်နေကြရသည်ဟု ပန်ဆိုင်း (ကြူကုတ်) မြို့ ဒေသခံများက ပြောသည်။

လောက်ကိုင်မြို့နယ်တွင်လည်း မြို့ပေါ်သို့ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် လောက်ကိုင်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်သည် လမ်းခရီးတွင် ပိတ်မိနေပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

Photo – Credit ( လားရှိုးစစ်ရှောင်စခန်း)

ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင် ချင်း‌ရွှေဟော်၊ လောက်ကိုင် နှင့် ကွမ်းလုံမြို့တို့မှ စစ်ဘေးရှောင် ၁ သောင်းကျော် ရောက်ရှိနေသည်ဟု ယခင်က သိရပြီး ယခုအခါ “ဝ”တပ်ဖွဲ့ UWSA မှ နေရပ်ပြန်ပို့လျက်ရှိရာ တန့်ယန်းမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၂၀၀၀ ခန့် နှင့် ရှမ်းအရှေ့ရှိ မိုင်းယန်းမြို့နယ်တို့တွင် ၃၀၀၀ ကျော် ကနဦး ရောက်ရှိနေပြီး တောင်ကြီးဘက်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သိရသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိကာ စစ်ကောင်စီခေါင်းဆောင်က သျှမ်းမြောက်ရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကွမ်းလုံ၊ လောက်ကိုင် နှင့် ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

Photo – Credit ( ကျောက်မဲ နောင်ပိန်စစ်ရှောင်စခန်း)

“အခုလို ညမထွက်ရအမိန့်လဲ ရှိလာတော့ စစ်ရှောင်တွေအတွက် ကူညီနေတဲ့လူတွေလဲ အချိန်မမှီမှာ၊ အချိန်ကျော်သွားမှာ စိုးရိမ်ရတာပေါ့။ နောက်ပြီးတော့ သူတို့အမိန့်ထဲမှာက လူ ၅‌ ယောက်ထပ် ပိုပြီး စုဝေးရင် အရေးယူနိုင်တယ်ဆိုတာလဲ ပါတော့ ဒါကလဲ အခက်အခဲ ဖြစ်စေတာပေါ့။ သူတို့က စစ်အုပ်ချုပ်ရေး လုပ်မယ်ဆိုတော့ စစ်ဘေးရှောင်နေတဲ့လူကော ကူနေတဲ့လူကော အရမ်းအခက်အခဲဖြစ်တယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် ၁၂ ခုထက်မနည်း စစ်ဘေးရှောင် ဦးရေ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်မြို့နှင့် တစ်မြို့ ကူးသန်းသွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါး စသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...