ထွက်ပေါက်မရှိ နယ်စပ်မျဥ်းပေါ် ပိတ်မိနေသူများ

ခြုံပုတ်ထူထူထဲမှာ အစိမ်းရောင် ယာယီတဲကိုတည်ဆောက်ပြီးနေတဲ့သူကနေ၊ အချို့ကျတော့ နမ့်ယန်းချောင်းဘေးမှာ အိမ်စီးကားထိုးရပ်ပြီး အိပ်နေတဲ့သူကအိပ်၊ အချို့ကျတော့ ပုခတ်တွေဆင်ပြီးနေတဲ့သူက နေကြပါတယ်။

အများအမြင်မှာတော့ အဲ့ဒီလူတွေဟာ အပန်းဖြေခရီးထွက်လာတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။

ဒီမြင်ကွင်းကတော့ မြန်မာ – တရုတ်နယ်စပ် နယ်နိမိတ် ချိတ်ဆက်ထားပြီး တရုတ်ပြည်က ခြားထားတဲ့အုတ်တံတိုင်းဘေး ဖြစ်တဲ့ ကြူကုတ် (ပန်ဆိုင်း) ဒေသ နမ့်ဟူးကျေးရွာနဲ့ မန်ကျေ ကျေးရွာက စစ်ဘေးရှောင်တွေပါပဲ။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

ပန်ဆိုင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင် ၄ ထောင်ကျော်ရှိပေမယ့် အဲ့နယ်စပ်မျဥ်းပေါ်မှာ နေတဲ့ စစ်ဘေးရှောင် စုစုပေါင်း (၂၀၀) ဝန်းကျင်ဟာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ ရဲ့ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် ကစပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ပန်ဆိုင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ စတင်လာခဲ့ပါတယ်။

အဲ့ကနေစပြီး နှစ်ဖက် တပ်ဖွဲ့အပြန်အလှန်ပစ်ခတ်ရာ လက်နက်ကြီးဟာ အရပ်သားနေအိမ်ထိခိုက်တာ၊ အရပ်သားကို ကျည်ထိသေဆုံးတဲ့ အထိ ဖြစ်လာခဲ့ရာမှ ပြည်သူတွေဟာ လုံခြုံတဲ့နေရာကို စတင် ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

“ အစကတော့ ကျနော်တို့က အိမ်ထဲမှာပဲ ပုန်းအောင်းနေကြတာ။ လက်နက်ကြီးတွေက နေအိမ်ကိုထိလာတော့ ဘယ်ပြေးလို့ပြေးရမှန်းမသိတာနဲ့ ဒီနယ်စပ် ခြံစည်းရိုးဘေးမှာ တဲထိုးပြီး လာနေကြတာ” လို့ အသက် ၃၅ နှစ် အရွယ် စစ်ဘေးရှောင် စိုင်းကျော် က လက်ရှိ ကြုံတွေ့တာတွေကို ပြောပါတယ်။

အရင်က မြန်မာပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပါက နယ်စပ်ဒေသမှာ နေထိုင်သူတွေဟာ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ သို့သော် လက်ရှိမှာတော့ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံဘက်က တရုတ် – မြန်မာ နိုင်ငံထိစပ်နေတဲ့ နယ်စပ်မျဥ်းတွေကို ခြံစည်းရိုးခတ်လိုက်တဲ့ အတွက် စစ်ရှောင်တွေဟာ အုတ်တံတိုင်းကပ်ရပ်မှာပဲ အဖီဆွဲ၊ တဲထိုးပြီး နေထိုင်နေရပါတယ်။

“ အရင်က ကျနော်တို့ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် တရုတ်ဘက်ကို ပြေးလို့ရတယ်။ အခု တရုတ်ကိုလည်းပြေးလို့မရ။ မူဆယ်ဘက်လည်း ပြေးလို့မရ။ ကျနော်တို့လူတွေက နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတာ။ ဘယ်မှ ပြေးလို့လည်းမရဘူး” လို့ စိုင်းကျော် က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

စစ်ရေး စတင်ဖြစ်ပွားချိန်မှာတော့ ပန်ဆိုင်း ပြည်သူတွေဟာ နေအိမ်ထဲမှာ ပုန်းအောင်းနေခဲ့ကြပေမယ့် အောက်တိုဘာ ၃၁ ရက်မှာ စစ်ကောင်စီက ဒရုန်းတွေ အသုံးပြုပြီးပစ်ခတ်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် နေအိမ်ထိမှန်ပြီး အရပ်သား သေဆုံးမှုတွေရှိလာတဲ့အတွက် နိုဝင်ဘာ ၁၁ ရက်မှာ နယ်စပ်မျဥ်းပေါ် ထွက်ပြေးလာကြခြင်း ဖြစ်ပါတယ်။

“ အခု ကျနော်တို့ဘဝက တရုတ်ဘက်လည်း ဝင်မရ၊ ပန်ဆိုင်းမြို့ထဲလည်း ပြေးမရ၊ လက်နက်ကြီးကြား၊ ဒရုန်းကြားမှာ ဘုရားတပြီးနေရတဲ့ဘဝပါ ” လို့ စိုင်းအောင်က လက်ရှိကြုံတွေ့ရတာကို ပြောပြလာပါတယ်။

နယ်စပ်မျဥ်းပေါ်နေထိုင်တဲ့ စစ်ဘေးရှောင်တွေကို ဘယ်အဖွဲ့မှ လာရောက်ကူညီထာက်ပံ့ပေးတာမရှိကြောင်း၊ ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ ယာယီတဲ၊ ကတုတ်ကျဥ်းတူးတာ၊ ကားပေါ်မှာ အိပ်ရတာတွေ ပြုလုပ်ရကြောင်း စစ်ဘေးရှောင်လာတဲ့ အမျိုးသမီး က ဆိုပြန်ပါတယ်။

“ အခုက သေမှာလား ရှင်မလားတောင် မသိတော့ဘူး။ လက်နက်ကြီးတွေ ပစ်ချင်သလိုပစ်နေကြ။ ဘယ်ကိုမှ ပြေးလို့ကလည်း မရ။ ကလေးတွေကလည်း ရှိတော့ ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေပါပဲ” လို့ ကလေး ၂ ယောက် မိခင် တစ်ဦးက ဝမ်းနည်းစွာပြောလာပါတယ်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

အဲ့ဒီစစ်ဘေးရှောင်တွေဟာ နယ်စပ်မျဥ်းအနီးမှာ တဲထိုးနေလာတာ နိုဝင်ဘာ ၁၈ ရက်နေ့ထိ ဆိုရင်တော့ ၇ ည ရှိလာခဲ့ပြီး၊ နေ့စဥ်ညတိုင်း လက်နက်ကြီးသံ ပစ်ခတ်သံတွေကြောင့် ကလေးငယ်တွေလည်း စိတ်ဒဏ်ရာ ရရှိသလို ကိုယ်ဝန်သည် အမျိုးသမီးတွေ မွေးကင်းစ မိခင်တွေကလည်း အလွန်ပင်ထိတ်လန့်ကြောက်ရွံ့နေရတဲ့ အခြေအနေ ပါပဲ။

ညီနောင်မဟာမိတ် (၃) ဖွဲ့ ဟာ အာဏာရှင် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်နေသော်လည်း တဖက်က စစ်ဘေးရှောင် ကလေးတွေ ၊ အမျိုးသမီးတွေ၊ မွေးကင်းစ ကလေးငယ်တွေကို ငှဲ့ညှာပေးရန် လိုအပ်ကြောင်း ၎င်း အမျိုးသမီး ကဆိုပြန်ပါတယ်။


ဒါ့အပြင် ညီနောင်မဟာမိတ် (၃) ဖွဲ့ ရဲ့ စစ်ရေးဟာအလွန်ပင် အားကောင်းလာပြီး၊ ပန်ဆိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်လာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေဟာ အရပ်ဝတ်ဖြင့် ထွက်ပြေးတိမ်းရှောင် နေရတာတွေလည်း ရှိနေကြောင်း ပန်ဆိုင်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ အရပ်ဝတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေနဲ့လာရောက် ရောနှောနေထိုင်သလို ပြည်သူနေအိမ်ထဲကို ခိုအောင်းနေထိုင်တာတွေကြောင့် အရပ်သား ပြည်သူတွေဟာ စိုးရိမ်ပူပန်စိတ်မျိုးစုံနဲ့ စစ်ရှောင်နေရတဲ့ အနေအထားဖြစ်ကြောင်း စိုင်းအောင်ခမ်း (အမည်လွှဲ) က ပြောပြလာပါတယ်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

“စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်ပြီး ကျနော်တို့ စစ်ရှောင်တွေနေတဲ့ နေရာရောက်လာတယ်။ နောက်ကျနော်တို့ စားစရာတွေကိုလာတောင်းစားတယ်။ မပေးရင်လည်း ကြောက်ရတယ်။ အဲ့လိုနေပြီး ညနေပိုင်းရောက်တော့ ပြန်ထွက်သွားတယ်။ အဲ့နောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ကလည်း လာစစ်သွားသေးတယ် “ ဟု စိုင်းအောင်ခမ်းက ပြောပါတယ်။

စစ်ကောင်စီတပ်သားများမှ အရပ်ဝတ်ဖြင့် အရပ်သားနှင့်အတူ အခုကဲ့သို့ လာရောက်နေထိုင်ခြင်းကြောင့် လုံခြုံရေးအရ အန္တရာယ် စိုးရိမ်ရကြောင်း၊ အရပ်သားနှင့်အတူ လာရောက်နေထိုင်ခြင်း ပြုလုပ်နေစဉ် အတောအတွင်းမှာပင် ကိုးကန့်တပ်ဖွဲ့မှ လာရောက်တွေ့ရှိပါက အပြန်အလှန် ပစ်ခတ်နိုင်ကြောင်း စိုင်းအောင်ခမ်းက လုံခြုံရေးအရ စိုးရိမ်ကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသော်လည်း လက်ရှိအချိန်ထိ နေရပ်ပြန်ပြီး စားနပ်ရိက္ခာအတွက် ချက်ပြုတ်နိုင်သေးတာက ဗိုက်ပြည့်ရုံသာ စားရသေးတယ်လို့ ဆိုပါတယ်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

“အခုတော့ နေရပ်ပြန်သွားလို့ ရသေးတယ်။ နေ့ခင်းနေ့လယ်ဆို ပြန်သွားပြီး ချက်ပြုတ်တာပေါ့။ မချက်လိုက်ရတဲ့ သူတွေလည်း မျှစားပြီး ဗိုက်ဝရုံသာ ဘာမှမရွေး စားရတယ်။ သေနတ်သံကြားရင် ပြန်ပြေးလာရတယ်။ ညနေဆို အကုန်လုံး ဒီနမ့်ယန်းချောင်းဘေးမှာ ပြန်လာအိပ်ကြတယ်“ ဟု စိုင်းအောင်ခမ်းက ပြောပါတယ်။

တချိန်တည်း ပန်ဆိုင်းမြို့မှာ စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ်တို့အကြား စစ်ရေးတင်းမာနေလျက်ရှိ ပြီး စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေဆဲပါ။

အဲ့ကြောင့် နယ်စပ်မျဥ်းပေါ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီး ရုတ်တရက် ရောက်လာနိုင်ကြောင်းလည်း စိုင်းအောင်ခမ်းက မှတ်ချက်ချ ပြောဆိုပါတယ်။

“လုံခြုံရေးအတွက် မစိုရိမ်ရဘူးလို့တော့ ပြောလို့မရဘူး။ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတောင်မှ တရုတ်ပြည်ထဲကိုတောင် ကျသေးတာ။ အခု ကျနော်တို့ နေရာကို မကျနိုင်ဘူးလို့ မပြောနိုင်ဘူး “ ဟု စိုင်းအောင်ခမ်းက ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...