သျှမ်းပြည် တောင်ကြီးမြို့ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ (၂၁)ရက်နေ့ ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားေန့တွင် တက်ရောက်လာသူများနှင့် လာရောက်လည်ပတ်သူများကို သျှမ်းပြည် တောင်ပိုင်းအတွင်း နေထိုင်ကြသော တိုင်းရင်းသား အဖွဲ့များမှ ရိုးရာ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ေကြာင်း သိရသည်။
တန်ဆောင်တိုင်ဖွင့်ပွဲ မရောက်သေးသော်လည်း ပွဲခင်းထဲတွင် လူစည်ကားနေသည်ကိုလည်း တွေ့နေပါသည်။
စစ်ကောင်စီမှ (၇)ရက်ကြာအောင် ဦးစီး ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် အမြို့မြို့အနယ်နယ်မှ ဧည့်သည်များ လာရောက်ခြင်းရှိကြောင်း၊ အချို့ ဒေသခံများတွင်လည်း ပွဲတော်လည်ရန် စိတ်အားထက်သန်နေကြကြောင်းသိရသည်။
အချို့ဒေသခံများလည်း လုံခြုံရေး စိုးရိမ်မှုများရှိနေကြပြီး ပွဲတော်သို့ သွားလာခြင်းမပြုရန်လည်း တော်လှန်ရေးလုပ်သူများက တိုက်တွန်းထားကြသည်။
CJ ပေးပို့သည်။