လဲချားစစ်ဘေးရှောင်များ ဝမ်းစာစိုက်ပျိုးရေး လုပ်ရန်အတွက် နေရပ်ပြန်လို

ယခုအချိန်သည် စိုက်ပျိုးရာသီ ဖြစ်သည့်အတွက် သျှမ်းပြည် လဲချားရောက် စစ်ဘေးရှောင်များက နေရပ်ပြန်လို ကြကြောင်း သတင်း သိရသည်။

စစ်ဘေးရှောင်များ

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်ရှိ ဟော်ခမ်းကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက် တို့ အပြင် နီးစပ်ရာ ဆွေမျိုးထံသို့ စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့အထိ ဒေသခံများ စစ်ရှောင်ထွက်ပြေးရသည်မှာ ၂၀ ရက်ကျော် ကြာလာသောကြောင့် ဝမ်းစာစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ဒေသခံများက နေရပ်ပြန်လိုကြကြောင်း စစ်ရှောင် ကူညီပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်လို့ တိုက်ပွဲက ဆက်ဖြစ်နေမယ်ဆိုရင်တော့ စစ်ရှောင်ထွက်ပြေးတဲ့ သူတွေအတွက် ခက်ခဲမှာတော့ အမှန်ပဲ၊ အခုချိန်ကလည်း စိုက်ပျိုးရာသီဖြစ်နေတော့ လုပ်ကိုင်စားသောက်ဖို့ အတွက် ပြင်ဆင်ရတော့မှာ အခုမှ မလုပ်ထားရင်လည်း နောက်နှစ်အတွက် စားဖို့သောက်ဖို့က ခက်မှာ၊ ဒါပေမဲ့ အခုချိန်ထိလည်း လက်နက်ကိုင်တွေ ရွာနားကနေ မဆုတ်သေးတော့ စစ်ရှောင်တွေလည်း မပြန်ရဲသေးဘူး” ဟု စစ်ရှောင်ကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် လဲချားမြို့နယ်မှ ပန်ဆန်း ကျေးရွာအုပ်စု၊ ဟဲဆိုင်ကျေးရွာ အုပ်စု၊ နောင်ကော်ကျေးရွာ အုပ်စု၊ ဝမ်ဆန်းကျေးရွာ အုပ်စု နှင့် ဝမ်စဲ့ကျေးရွာ အုပ်စုတို့ ဖြစ်ကြောင်းလည်း သိရသည်။

“လက်နက်ကိုင်တွေက ရွာထဲ ရှိနေတော့ စစ်ရှောင်တွေကလည်း နေရပ်မပြန်ရဲဘူး။ တကယ်လို့ ပြန်သွားနိုင်မယ် ဆိုရင်တော့ ပြန်ထွက်လာဖို့က ခက်ခဲတယ်၊ အဲ့ဒါကြောင့် စစ်ရှောင်တွေက နေရပ်မပြန်ရဲသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိအချိန်ထိ လဲချားမြို့ အရှေ့ဘက် နားပွဲ ကျေးရွာ အုပ်စု အတွင်းတွင် ပစ်ခတ်သံများ ဆက်လက်ထွက်ရှိ နေပြီး ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ ယနေ့ အချိန်ထိ နေ့စဥ် နီးပါး ပစ်ခတ်သံများ ကြားနေရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လဲချား ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရသည့် အပြင် နွေရာသီ သျှမ်းစာသင် သင်တန်းကျောင်း ၁၃ ကျောင်း နှင့် စစ်ရှောင် ၄၀၀ နီးပါးက ကျောင်းပိတ်ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...