သျှမ်း – ကရင်နီနယ်စပ် ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန်၊ နှစ်ထောင်နီးပါးတောထဲ တိမ်းရှောင်နေရ

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန် နေလျက်ရှိပြီး၊ ဒေသခံ ၂ ထောင်နီးပါး တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်း သိရသည်။

လက်နက်ကြီးထိမှန်သည့် ဒေသခံ နေအိမ်များ

ပြီးခဲ့သည့် ဇူလိုင်လ ပထမ အပတ်မှစ၍ ယာဒိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ တစ်ပတ်ကျော် ကြာပြီး ဖြစ်သော်လည်း တိုက်ပွဲသည် လက်ရှိ အချိန်ထိ ပြင်းထန်နေလျက်ရှိသည်။

ယမန်နေ့ ဇူလိုင် ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်မှစပြီး တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည့် ယာဒိုကျေးရွာကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး KDF မှ တာဝန်ခံ မစုစုက ပြောသည်။

“အဲ့မှာ တိုက်ပွဲဖြစ်တာကတော့ တစ်ပတ်ထဲ ရောက်နေပြီ။ တိုက်ပွဲပြင်းထန်တာတော့ ၄ – ၅ ရက်လောက်ရှိပြီ။ မနေ့ကတော့ ပိုဆိုးတာပေါ့။ လေကြောင်းတွေ နဲ့ မနားတမ်းကို ကြဲတာ။ ယာဒိုမှာက သူတို့ စစ်ကြောင်းထိုးလာတာလေ၊ ဒီဖက်ကို လာဖို့အတွက် စစ်ကြောင်းထိုးတာ။ စစ်ကြောင်းဝင်တာ PDF တွေက လက်မခံဘဲ ဖြတ်တိုက်တာပေါ့ “ ဟု မစုစုက ပြောသည်။

လက်နက်ကြီးထိမှန်သည့် ဒေသခံ နေအိမ်များ

အဆိုပါ တိုက်ပွဲပြင်းထန်မှုကြောင့် ယာဒိုကျေးရွာ နှင့် သောခိုကျေးရွာရှိ ပြည်သူဦးရေ နှစ်ထောင်နီးပါး ရှိကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိသောကြောင့် စားနပ်ရိက္ခာ၊ မိုးကာ နှင့် ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

“အဲ့ဖက်ရွာကျောတွေမှာ အခုက အကုန်လုံး ဖြစ်နေတော့ ရှောင်နေရာလည်း သိပ်မရှိတော့ဘူး။ စစ်ရှောင်တွေ အနေ နဲ့ အခု လောလောလပ်လပ်မှာ အရမ်းကြီးကို အခက်ခဲ ဖြစ်နေတဲ့ အနေအထား။ အခုက မိုးတွင်းကာလကြီး ဖြစ်နေတာလေ။ ကြိုတင် ပြင်ဆင်ထားတာလည်း ဘာမှမရှိဘူး။ တချို့ ရွာတွေမှာတော့ စစ်မီး တောက်လောင် လာလို့ရှိရင် မိုးကာတွေ ဘာတွေ စုဆောင်းပြီး ကြိုတင်ပြင်ဆင် ထားတာရှိတယ်။ အခု လောလောဆယ် ရှောင်နေရတဲ့ရွာတွေတော့ ဘာမှကို မရှိတဲ့အတွက် တောထဲမှာ ဒီအတိုင်း ဝင်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ် “ ဟု မစုစုက ထပ်လောင်းပြောသည်။

အလားတူ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် နယ်မြေဒေသ နှင့် ကျေးရွာများ၌ ပိတ်မိနေသည့် ပြည်သူများ ရှိနေပြီး စစ်ဘေးရှောင် ကူညီရေးများ ဝင်ရောက် ကယ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...