ကျောက်မဲမှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များ မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရ

သျှမ်းပြည် ကျောက်မဲမြို့မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ် ရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲစစ်ဘေးရှောင်စခန်း

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးလာသူများ ဖြစ်ကြသည်။

အဆိုပါ စစ်ရှောင်များသည် နှစ်နှစ်ကျော်ကာလ ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာရပြီး ၊ စားဝတ်နေရေး နှင့် အသုံးစရိတ်များ အခက်အခဲများကြောင့် နေရပ်ပြန်သွားလိုသော်လည်း မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မဲမြို့ပေါ်မှာ စစ်ရှောင်နေနေရတော့ အိမ်ငှားခတွေ၊ စားဖို့သောက်ဖို့တွေက အစ ပိုက်ဆံတွေ အကုန် ကုန်ကျတယ်၊ အဲ့လို ကုန်ကျစားရိတ်တွေ ဖြေရှင်းဖို့ အမျိုးသမီးဆိုရင် တစ်နေ့ ၅,၀၀၀ ကျပ်၊ အမျိုးသားဆိုရင် တစ်နေ့ကို ၇,၀၀၀ ကျပ်နဲ့ နေ့စားလိုက် အလုပ်လုပ်ရတယ်၊ ဒါပေမဲ့ မကာမိပါဘူး၊ ဒါကြောင့် နေရပြန်ချင်တာ” ဟု ကျောက်မဲမြို့မှ စစ်ရှောင်ကူညီပေးသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသည့် ပြည်သူများ

ကျောက်မဲရောက် စစ်ဘေးရှောင်များသည် အိမ်ငှားဖြင့် တစ်လကို လေးသောင်းမှ ၇ သောင်းအထိ ပေးရသည့် အပြင် သောက်သုံးရေ၊ စားနပ်ရိက္ခာ နှင့် တခြား အသုံးစားရိတ်များကလည်း များပြားသည့် အတွက် နေရပ် ပြန်လိုကြောင်း စစ်ရှောင်ကူညီသူက ပြောသည်။

သို့သော် စစ်ဘေးရှောင်များသည် နှစ်နှစ်ကျော်ကြာ နေအိမ်စွန့်လွတ် စစ်ရှောင်လာကြရသည့်အတွက် တိုက်ပွဲ ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့များမှ အသုံးပြုသည့် မြေမြှုပ်မိုင်း အန္တရာယ် နှင့် လုံခြုံရေး အန္တရာယ် များ စိုးရိမ်ရကြောင်း စစ်ရှောင်ထွက်ပြေးလာသည့် ချုံးဟောင်း (ဝၢၼ်ႈၶိူမ်းၵဝ်ႇ) ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လိုတွေ ကြောက်ရလို့ တချို့က ပြန်သွားပေမဲ့ တချို့ကတော့ ခဏပြန်ပြီး၊ အိမ်ရှင်း ဝိုင်းရှင်းပြီး မြေမြှုပ် မိုင်းတွေ၊ လက်နက်ကျန်တွေ ရှိမရှိ စစ်ဆေးပြီး မြို့ပေါ် ပြန်လာကြတာရှိတယ်၊ နေရပ်ပြန်သွားကြတဲ့ စစ်ရှောင် တချို့ကို SSPP တပ်ဖွဲ့က ဆန်တစ်ပိုင်း ကူညီပေးတယ်လို့တော့ သိရတယ်” ဟု ချုံးဟောင်း (ဝၢၼ်ႈၶိူမ်းၵဝ်ႇ) ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ရက်သတ္တပတ်အတွင်းတွင် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ် (ခွဲ) မှ ပုံးလုံကျေးရွာအုပ်စု၊ ဟူးစွန်ကျေးရွာ အုပ်စု နှင့် ခေးနင်းကျေးရွာအုပ်စုတို့မှ ဒေသခံ (၁၅၀) ကျော်တို့သည် နေရပ်ပြန်သွားကြကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ရှောင်များ နေရပ်ပြန်သွားခြင်း နှင့် ပတ်သက်ပြီး နေရပ်ပြန်လိုသည့် စစ်ရှောင်များအားလုံး နေရပ် ပြန်နိုင်အောင် ကြိုးစားပေးမည်ဟု ဒေသအတွင်း လှုပ်ရှားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ မြေပြင်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူဘက်ကလည်း နေရပ်ပြန်လိုတဲ့ အကြောင်း တင်ပြလာတာတွေလည်း ရှိနေတယ်။ တဖက်ကလည်း စားဝတ်နေရေးတွေ၊ ဝမ်းစာလုပ်ကိုင် ရှာဖွေဖို့တွေ နေရပ်ပြန်လိုကြတယ်ပေါ့၊ ဒါကြောင့် မြေပြင် အခြေအနေကို ညှိပေးတာ၊ ပြန်သွားရင်လည်း ပြန်လည် လုပ်ကိုင် စားသောက်ဖို့ ကူညီပေးတာမျိုးတော့ ရှိပါတယ်” ဟု ကျောက်မဲဒေသ အတွင်းလှုပ်ရှားသည့် SSPP/SSA မြေပြင် အရာရှိ တစ်ဦးက ပြောသည်။

နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် ချုံးဟောင်း (ဝၢၼ်ႈၶိုမ်းၵဝ်ႇ) ၁၂ အိမ်၊ ချုံးသစ် (ဝၢၼ်ႈၶိုမ်းမႂ်ႇ) ၁၆ အိမ်၊ နမ့်ဖြစ်ကျေးရွာမှ (၇) အိမ်၊ ဟင်ဝိုးကျေးရွာမှ (၁) အိမ်၊ ဟူးစွန်ကျေးရွာမှ (၁၂) အိမ်၊ နိမ်းဆိုင်းကျေးရွာမှ (၈) အိမ်၊ မန်ပေါက်ကျေးရွာမှ (၂၆) အိမ်၊ တွန်ဟိတ်ကျေးရွာမှ ၂ အိမ် နှင့် ဝမ်ကိန်ကိုင် (ဝၢၼ်ႈၵဵင်ၵႆႇ) ကျေးရွာမှ (၁၇) အိမ် စသည့် ဒေသခံများက နေရပ်ပြန်သွားကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ကျောက်မဲမြို့နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များသည် အိမ်ထောင်စုပေါင်း (၁,၂၅၀) ကျော် ရှိနေပြီး လူဦးရေ (၅,၀၀၀) နီးပါး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...