SNLD မှ သျှမ်းအနုပညာရှင်များ စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ရန် တိုက်တွန်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) မှ သျှမ်းအနုပညာရှင်များ စုပေါင်းကာ သျှမ်းပြည် အသီးသီး နှင့် သျှမ်း – ကယား နယ်စပ်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ကြရန် ပြောဆို တိုက်တွန်းထားသည်။

ကျားခေါင်းပါတီ မှ စစ်ရှောင်များကို သွားရောက်ကူညီ လှူဒါန်းစဥ်

အဆိုပါ ကိစ္စ ဖြစ်စဥ် နှင့် ပတ်သက်ပြီး သျှမ်းအနုပညာရှင်များ ကူညီထောက်ပံ့ပေးပါက စစ်ဘေးရှောင်များအတွက် အကူအညီ ရစေနိုင်ကြောင်း ကျားခေါင်းပါတီ (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်ကနေပြီးတော့ သျှမ်းအနုပညာရှင် အသီးသီးတွေကို တိုက်တွန်း ထားတယ်၊ အနုပညာ လုပ်အားခ နဲ့ ဖျော်ဖြေရေး လုပ်အားခတွေထဲ အနည်းနဲ့အများမဆို စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ပေး စေချင်တာ ပေါ့နော်။ အခုလည်း ပါဝင်ကူညီ လှူဒါန်းပေးတဲ့ သျှမ်းအနုပညာရှင်တွေလည်း ရှိပါတယ်” ဟု (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ဧပြီလအတွင်းမှ စတင်ကာ SNLD (ကျားခေါင်းပါတီ) သည် သျှမ်းအနုပညာရှင်များမှ တစ်ဆင့် စစ်ဘေးရှောင် အတွက် လှူဒါန်း ထောက်ပံ့ပေးလာသည့် ငွေကြေး နှင့် စားနပ်ရိက္ခာများကို စစ်ဘေးရှောင်များဆီကို ပြန်လည် ပို့ဆောင်ပေးခဲ့ရကြောင်းလည်း စိုင်းလိတ်က ဆက်ပြောသည်။

ကျားခေါင်းပါတီမှ စစ်ရှောင်များကို သွားရောက်ကူညီလှူဒါန်းစဥ်

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စိုင်းတာဦး ဦးဆောင်သည့် Power 3 (သျှမ်း Music Band) မှ စစ်ဘေးရှောင်များ အတွက် ငွေကျပ်သိန်း ၆၀ လာရောက်လှူဒါန်းသည့် အပြင် တခြား သျှမ်းအနုပညာရှင်များကလည်း ပါဝင်လှူဒါန်းမှု ရှိကြောင်း သိရသည်။

“အရင်ကလည်း SNLD ကနေ ပင်လောင်း၊ ဆီဆိုင်၊ နောင်ချို၊ ဟိုပုံးဘက်မှာ ရှိတဲ့ စစ်ရှောင်တွေကို ကူညီထောက် ပံ့မှု ရှိခဲ့ပါတယ်။ အခု အားလုံးက ပါဝင်ကူညီမယ်ဆိုရင် ပိုပြီးတော့ အားရှိတာပေါ့” ဟု လည်း အမည်မဖော်လိုသူ SNLD မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် SNLD မှ စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၄၀ ကူညီထောက်ပံ့မှု ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပင်လောင်း နှင့် ကရင်နီ (ကယားပြည်) ရှိ စစ်ဘေးရှောင်များ အတွက် ကျပ် ၃၇ သိန်း ကူညီထောက်ပံ့ပေးခဲ့သည်။

ကရင်နီပြည် (ကယားပြည်) အတွင်း၌ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိရာ ဒေသခံ အများအပြားက အိုးအိမ်စွန့်ခွာကာ သျှမ်း – ကယားနယ်စပ်၊ သျှမ်းပြည် အတွင်းသို့ စစ်ရှောင်ထွက်ပြေးပြီး လာရောက် ခိုလှုံနေလျက်ရှိသည်။

SNLD ပါတီသည် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေး မှတ်ပုံတင် မတင်သဖြင့် နိုင်ငံရေး ပါတီ အဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ ဘက်မှ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ယခု ဧပြီလ နှောင်းပိုင်းမှာလည်း စစ်ကောင်စီမှ တစ်ဆင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ အလံ နှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ဖိအားပေး စေခိုင်းမှုများ ရှိလာသည်။

SNLD ပါတီသည် စစ်အာဏာသိမ်းမှု မဖြစ်ခင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ၌ အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...