ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်း ကျော်အတွက် ကုန်စိမ်းများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် ကုန်စိမ်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပုံ Kayan Rescue Committee -KRC

ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များသည် ၂ နှစ်ကျော်ကြာ တောထဲထွက်ပြေးလာရပြီး ယခု ကာလအတွင်းမှာ အလှူရှင်တွေက ဆန်ကိုသာ ကူညီပေးကြသည့်အတွက်ကြောင့် ကုန်စိမ်းများအတွက် ခက်ခဲလာခဲ့ကြောင်း သိရသည်။

“လက်ရှိမှာတော့ စားဝတ်နေရေးတွေ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ စားနပ်ရိက္ခာအတွက် အလှူရှင်တွေကတော့ ဆန်တစ်မျိုးတည်းကိုပဲ ထောက်ပံ့ပေးတော့တယ်။ ကုန်ခြောက်ဖြစ်တဲ့ ဆီ ၊ ဆားတွေအတွက်က လက်လှမ်းမှီမှုအတွက် အခက်ခဲရှိနေပါတယ်” ဟု KRC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံ Kayan Rescue Committee -KRC

ယခင်က စစ်ဘေးရှောင်များအတွက် ရပ်နီးရပ်ဝေးက ဟင်းသီးဟင်းရွက်များ လာရောက်လှူဒါန်းပေးမှု ရှိသော်လည်း ယခုနောက်ပိုင်း ဒေသထွက် သီးနှံ နည်းပါးလာသည့်အတွက်ကြောင့် ခက်ခဲလာခဲ့ကြောင်း သိရသည်။

ထိုအပြင် လက်ရှိ စစ်ဘေးရှောင်များသည် ရှိရာ နှင့် စားသောက်နေကြကာ အချို့က နေ့စားလိုက်ပြီး ၊ အချို့က အိမ်ဆိုင်ငယ်များဖွင့်ပြီး တစ်ပိုင်တစ်နိုင် ဝင်ငွေများ ရှာနေကြကြောင်း သိရသည်။

“ယခင်ကတော့ တစ်ချို့ကပေးတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိတယ်။ အခုက ဒေသထွက် သီးနှံတွေမရှိတော့ အစစအရာရာ ဝယ်ယူစားသောက်နေရပါတယ်။ အလုပ်ကိုင်လည်း မရှိတော့ ဝင်ငွေခက်ခဲမှုရှိပါတယ်။ ဝယ်ယူစားသောက်ဖို့ ခက်ခဲနေပါတယ်။ တစ်ချို့ကတော့လည်း နေ့စားလိုက်ကြတယ်။တစ်ချို့ကတေ့ာ တစ်နိုင်တစ်ပိုင် ဈေးဆိုင်သေးသေးလေး ဖွင့်ထားကြတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်သည် ဖယ်ခုံမြို့နယ် နဲ့ မိုးဗြဲအတွင်းသာဖြစ်ပြီး အများစုက တောတောင်ထဲတွင်နေထိုင်ကြရကာ အချို့သည် ကျေးရွာများ၌ နေထိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...