Tuesday, January 27, 2026

ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်း ကျော်အတွက် ကုန်စိမ်းများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် ကုန်စိမ်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပုံ Kayan Rescue Committee -KRC

ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များသည် ၂ နှစ်ကျော်ကြာ တောထဲထွက်ပြေးလာရပြီး ယခု ကာလအတွင်းမှာ အလှူရှင်တွေက ဆန်ကိုသာ ကူညီပေးကြသည့်အတွက်ကြောင့် ကုန်စိမ်းများအတွက် ခက်ခဲလာခဲ့ကြောင်း သိရသည်။

“လက်ရှိမှာတော့ စားဝတ်နေရေးတွေ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ စားနပ်ရိက္ခာအတွက် အလှူရှင်တွေကတော့ ဆန်တစ်မျိုးတည်းကိုပဲ ထောက်ပံ့ပေးတော့တယ်။ ကုန်ခြောက်ဖြစ်တဲ့ ဆီ ၊ ဆားတွေအတွက်က လက်လှမ်းမှီမှုအတွက် အခက်ခဲရှိနေပါတယ်” ဟု KRC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံ Kayan Rescue Committee -KRC

ယခင်က စစ်ဘေးရှောင်များအတွက် ရပ်နီးရပ်ဝေးက ဟင်းသီးဟင်းရွက်များ လာရောက်လှူဒါန်းပေးမှု ရှိသော်လည်း ယခုနောက်ပိုင်း ဒေသထွက် သီးနှံ နည်းပါးလာသည့်အတွက်ကြောင့် ခက်ခဲလာခဲ့ကြောင်း သိရသည်။

ထိုအပြင် လက်ရှိ စစ်ဘေးရှောင်များသည် ရှိရာ နှင့် စားသောက်နေကြကာ အချို့က နေ့စားလိုက်ပြီး ၊ အချို့က အိမ်ဆိုင်ငယ်များဖွင့်ပြီး တစ်ပိုင်တစ်နိုင် ဝင်ငွေများ ရှာနေကြကြောင်း သိရသည်။

“ယခင်ကတော့ တစ်ချို့ကပေးတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိတယ်။ အခုက ဒေသထွက် သီးနှံတွေမရှိတော့ အစစအရာရာ ဝယ်ယူစားသောက်နေရပါတယ်။ အလုပ်ကိုင်လည်း မရှိတော့ ဝင်ငွေခက်ခဲမှုရှိပါတယ်။ ဝယ်ယူစားသောက်ဖို့ ခက်ခဲနေပါတယ်။ တစ်ချို့ကတော့လည်း နေ့စားလိုက်ကြတယ်။တစ်ချို့ကတေ့ာ တစ်နိုင်တစ်ပိုင် ဈေးဆိုင်သေးသေးလေး ဖွင့်ထားကြတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်သည် ဖယ်ခုံမြို့နယ် နဲ့ မိုးဗြဲအတွင်းသာဖြစ်ပြီး အများစုက တောတောင်ထဲတွင်နေထိုင်ကြရကာ အချို့သည် ကျေးရွာများ၌ နေထိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...