ငလျင်ဒဏ်
အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့်...
ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော်ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး
ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး ယာယီနေထိုင်ရန် တဲနှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြင်းအား ရစ်တာစကေး ၇.၇ အဆင့်ရှိ စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၅...
ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ
Eugene -
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး...
မန္တလေးနှင့် အမရပူရ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာနှင့်ဆေးဝါး အရေးပေါ်လိုအပ်
ငလျင်ဒဏ် ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့နှင့် အမရပူရမြို့အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မန္တလေးမြို့နှင့် အမရပူမြို့အတွင်း ငလျင်ဘေးသင့် ပြည်သူများသည် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု လေပြင်းတိုက်ခိုက်မှုကြောင့်...
ငလျင်ဘေးဒဏ်ကြား သံလွင်တံတား (တာကော်တံတား)ကို အိုးစည်ဗုံးမောင်းတီးကာ ဖွင့်လှစ်
SHAN -
အင်အားပြင်း ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် ပြည်သူများ ပူဆွေးသောကရောက်နေချိန် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကို ချိတ်ဆက်ထားသည့် သံလွင်တံတား(တာကော်တံတား)အသစ်တစ်စင်းကို ယမန်နေ့ (ဧပြီလ ၇) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ အဆိုပါတံတားတွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး...
မန္တလေးမြို့ရောက် သျှမ်းမြောက် စစ်ဘေးရှောင်များ ငလျင်ဒဏ်ကြောင့် နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများသည် ငလျင်ဒဏ်ကြောင့် နေရပ်ဇာတိသို့ ပြန်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့၏ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ပြည်သူများသည် စစ်ဘေးလွတ်ကင်းသည့် မန္တလေးမြို့ရှိ ကွန်ဒို၊ တိုက်ခန်း၊ အဆောင်များတွင် လာရောက်ငှားရမ်း၍ အနီးစပ်ရာ ဆွေမျိုးများအိမ်တွင်...
ငလျင်ဒဏ်သင့် ပင်လောင်းနယ်ခံများ နေအိမ်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်
SHAN -
ပြင်းအား ၇.၇ စစ်ကိုင်းငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းက ကျေးရွာများ အိမ်ခြေ ရာဂဏန်း ထိခိုက်ပျက်စီးသွားသောကြောင့် ပြန်လည်ထူထောင်ပြီး ဒေသခံများနေရပ်ပြန်နေနိုင် ဖို့ရန်ခက်ခဲနေသည်ဟု ပင်လောင်းမြို့ခံများကပြောသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့ နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းရွာ အိမ်ခြေ ၁၀၀ ကျော် ၊ ပင်လောင်းကြီး...
ဘေးဒဏ်ပေါင်းစုံ သင့်နေသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် များစွာအကူညီလိုအပ်နေ
ရာဂီမုန်တိုင်းကြောင့် ပြီးခဲ့သည့် ယမန်နှစ်က ရေးဘေးဒဏ်သင့်ခဲ့သော သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ယခုတစ်ခါတွင် အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ထောင်ချီ နေအိမ်၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ တစ်ရာကျော်ထိရှိကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး...
ငလျင်ကြောင့် ကလေး ၂ ဦးသေဆုံးသည့် ပင်လောင်းမြို့ နယ်က နန်းပန်းရွာခံများ အကူညီလိုအပ်နေ
SHAN -
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နေအိမ်များပြိုကျပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းပန်းရွာခံများ အကူအညီလိုအပ်နေ သည်ဟု ရွာခံများ ပြောပြချက်အရသိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ပင်လောင်းမြို့အနောက်တောင်ဘက် ၈ မိုင်အကွာရှိ နန်းပန်းရွာတွင် အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ၁၀၀...
မြန်မာနိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ဝမ်းနည်းနေချိန် သင်္ကြန်ပွဲအတွက် စစ်ကောင်စီ ရန်ပုံငွေကောက်
မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးဝမ်းနည်းနေချိန် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့တွင် သင်္ကြန်ပွဲ ကျင်းပရန်အတွက် စစ်ကောင်စီမှ အလှူငွေ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၂၈)ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ...





