ငလျင်ဒဏ်သင့် ပင်လောင်းနယ်ခံများ နေအိမ်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်

ပြင်းအား ၇.၇ စစ်ကိုင်းငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းက ကျေးရွာများ အိမ်ခြေ ရာဂဏန်း ထိခိုက်ပျက်စီးသွားသောကြောင့် ပြန်လည်ထူထောင်ပြီး ဒေသခံများနေရပ်ပြန်နေနိုင် ဖို့ရန်ခက်ခဲနေသည်ဟု ပင်လောင်းမြို့ခံများကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့ နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းရွာ အိမ်ခြေ ၁၀၀ ကျော် ၊ ပင်လောင်းကြီး ကျေးရွာအုပ်စု ပင်လောင်းကြီးရွာ အိမ်ခြေ ၂၀ ကျော်၊ မြောက်ထီဗွာ ကျေးရွာအုပ်စု ကောင်ထိုရွာ အိမ် ၄၀ ကျော် က စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ထူ ထောင်ရေးအတွက် အကူညီများလိုအပ်နေသည်ဟု ငလျင်ဒဏ်သင့်ပြည်သူများက ပြောသည်။

“ ပြန်လည်ထူထောင်ဖို့တော့အကူညီလိုတယ်၊ လုံးလုံးပြိုကျသွားတဲ့အိမ်ဆို ဝါးခုတ်ပြီးတဲထိုးနေရတယ်၊ ချက်ချင်း ပြန်လည်ထူထောင်ဖို့ ငွေရေးကြေးရေးအဆင်မပြေဘူး၊ သူတို့ရဲ့ ငရုတ်စိုက်ခင်း တချို့လဲပျက်စီး တော့ ဝင်ငွေမရှိဘူး” – ဟု အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်ရှိ ဒေသခံပြည်သူများသည် လက်ဖက်၊ ငရုတ်၊ ပြောင်း စသည့်သီးနှံများအဓိထား စိုက်ပျိုးသည့် တောင်သူဉီးကြီးများဖြစ်ကြောင်း ငလျင်လှုပ်ခတ်မှုကြောင့် အခြေခံစားသောက် ကုန်များဖြစ်ဖြစ်သည့် ဆန်၊ ဆီ၊ ဆား နှင့် ဆေးဝါးများ ခက်ခဲလာနေကြောင်း ၎င်းကဆက်ပြောသည်။

“လောလောဆယ် တစ်ဖွဲ့ပဲလာလှူပေးတာ မိုးကာတွေ ဆန်၊ ဆီ၊ ဆားတွေတော့ပါလာတယ်၊ ဒါပေမယ့် အလွန်ဆုံး ၄ ရက် ၅ ရက်စာပဲခံမှာ၊ တခြားအဖွဲ့တွေလဲလာမယ်လို့ကြားတယ် ဒါမယ့်ရောက်မလာ သေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောပြသည်။

ငလျင်ဒဏ်သင့် ပင်လောင်းနယ်ခံများ နေအိမ်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း တို့တွင် ပျက်စီးမှုများပြီး သေဆုံးသူများလည်း ထောင်ချီ ရှိသည်။

ထို့အတူ သျှမ်းပြည်တောင်ပိုင်းတွင်လည်း အဆောက်အဉီ အများအပြားထိခိုက်ပျက်စီးပြီး သေဆုံးသူများမှာမူ အောင်ပန်းမြို့တွင် သေဆုံးသူ ၁၅ ဉီး၊ ညောင်ရွှေ အင်းလေးဒေသတွင် ၁၃၅ ဉီး၊ ပင်လောင်းမြို့နယ် ၂ ဉီး သေဆုံးသွားသည်ဟု DVB Data Team အရ သိရပါသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...