အင်အားပြင်း ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် ပြည်သူများ ပူဆွေးသောကရောက်နေချိန် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကို ချိတ်ဆက်ထားသည့် သံလွင်တံတား(တာကော်တံတား)အသစ်တစ်စင်းကို ယမန်နေ့ (ဧပြီလ ၇) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ အဆိုပါတံတားတွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်လိုက်သည့် သံလွင်တံတား (တာကော်တံတား)သည် ကွန်ဟိန်းမြို့နယ် ကာလိနှင့် ကျိုင်းတုံမြို့နယ် မိုင်းပြင်းကြားရှိ မိုင်းပမိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည်။
တံတားသည် အရှည် ၁၁၅၁ ပေ ရှည်လျားပြီး အကျယ် ၃၀ ပေနှင့် ယာဉ်တစ်စီးချင်း ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း သိရသည်။
အဆိုပါတံတားသစ်သည် NLD အစိုးလက်ထက် ၂၀၁၈ ခုနှစ်က တံတားတည်ဆောက်ရေး အဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂) မှ စတင်တာဝန်ယူအကောင်အထည်ဖော်ပြီး ၇ နှစ်ကြာ တည်ဆောက်ခဲ့ကြောင်း သိရသည်။
သံလွင်မြစ်ကူး တာကော်တံတားသည် အိမ်နီးချင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် ဆက်သွယ်သွားလာ ကုန်သွယ်မှု ပြုလုပ်ရန်အတွက် အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်းလည်း သိရသည်။












Leave a Comments