Tuesday, January 27, 2026

ကွန်ဟိန်းမြို့နယ်

ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...

ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...

ငလျင်ဘေးဒဏ်ကြား သံလွင်တံတား (တာကော်တံတား)ကို အိုးစည်ဗုံးမောင်းတီးကာ ဖွင့်လှစ်

အင်အားပြင်း ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် ပြည်သူများ ပူဆွေးသောကရောက်နေချိန် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကို ချိတ်ဆက်ထားသည့် သံလွင်တံတား(တာကော်တံတား)အသစ်တစ်စင်းကို ယမန်နေ့ (ဧပြီလ ၇) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ အဆိုပါတံတားတွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...

ကွန်ဟိန်းမြို့နယ် ကျေးရွာတစ်ခုရှိ ဒေသခံများကို RCSS မှ နေရာပြောင်း‌ရွှေ့ခိုင်း

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာတစ်ခုရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ယနေ့ထိတိုင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့်...

ကွန်ဟိန်းမြို့နယ် အမျိုးသမီးတစ်ဦး အွန်လိုင်းပစ္စည်းသွားယူရင်း အသတ်ခံရ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တွင် အမျိုးသမီးတစ်ဦး အွန်လိုင်းတွင် မှားထာသည့် ပစ္စည်းသွားယူရင်း ဓားထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည့် အလောင်းကို တွေရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ရက် တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင်နေထိုင်သည့် နန်းလူဆိုသည့် အမျိုးသမီးသည် အွန်လိုင်းတွင် မှာထားသည့်ပစ္စည်း သွားယူမည်ဟုဆိုပြီး ကွန်ဟိန်းမြို့သို့ ကားဖြင့်ထွက်သွားခဲ့ပြီး...

ကွန်ဟိန်းမြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတချို့က စစ်ရှောင်ထွက်ပြေးရပြီး သျှမ်းတပ်နှစ်တပ်မှလည်း အပြန်အလှန် ပြစ်တင်ပြောဆို နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့်...

ကွန်ဟိန်းမြို့နယ် စစ်အာဏာသိမ်း ဆန့်ကျင်သူ ၃ဦး ယနေ့ထိ မလွှတ်မြောက်သေး

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားရာတွင် ပါဝင်ခဲ့သည့် ပြည်သူ (၃) ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၁၆)ရက်ထိ မလွှတ်မြောက်သေးကြောင်း စုံစမ်းသိရသည်။ ကွန်ဟိန်းမြို့ နှင့် ကာလိမြို့တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၃ ဦးကို ဖမ်းဆီးသွားပြီး၊ ၆ရက်တိုင်ကြာခဲ့သော်လည်း...

ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်း ယနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ ၃ ဦးကို လာရောက်ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်းစုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံရသူ (၃)ဦးသည် ကွန်ဟိန်းမြို့တွင် စိုင်းလင်းခမ်း တဦး နှင့် ကာလိမြို့တွင် စိုင်းမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ)စိုင်းဟန်မိုင်း တို့ဖြစ်ကြောင်းသိရသည်။ “ ဒီနေ့က ကွန်ဟိန်က...

Latest news