ကွန်ဟိန်းမြို့နယ် အမျိုးသမီးတစ်ဦး အွန်လိုင်းပစ္စည်းသွားယူရင်း အသတ်ခံရ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တွင် အမျိုးသမီးတစ်ဦး အွန်လိုင်းတွင် မှားထာသည့် ပစ္စည်းသွားယူရင်း ဓားထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည့် အလောင်းကို တွေရှိကြောင်း သတင်းရရှိသည်။

အသတ်ခံရသည့် နန်းလူ

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ရက် တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင်နေထိုင်သည့် နန်းလူဆိုသည့် အမျိုးသမီးသည် အွန်လိုင်းတွင် မှာထားသည့်ပစ္စည်း သွားယူမည်ဟုဆိုပြီး ကွန်ဟိန်းမြို့သို့ ကားဖြင့်ထွက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၁ရက် တွင် ကွန်ဟိန်းမြို့ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ အတက်လမ်းစောင်းတန်းတွင် နန်းလူ၏ ခန္ဓာကိုယ် ဓားထိုးဒဏ်ရာဖြင့် သေနေသည့် ရုပ်အလောင်းကို ဘုရားဖူးများက တွေ့ခဲ့ကြောင်း ကွန်ဟိန်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကွန်ဟိန်း တောင်ပေါ်ဘုရားတက်တဲ့ စောင်းတန်းရဲ့ ဘယ်ဘက်မှာ နန်းလူရဲ့ အလောင်းကိုတွေ့တာ။ဓားထိုးဒဏ်ရာတွေ နဲ့ပဲ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ အမျိုးသမီး အလောင်းကိုတွေ့ချိန်တွင် ရင်ဘက်နှင့်ဝမ်းဗိုက်တဝိုက် ဓားထိုးသွင်းဒဏ်ရာ (၁၀)ချက်ကျော်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ သေဆုံးသူ၏ ကားပျောက်ဆုံးနေသေးကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်ပြီး ရဲစခန်းကို အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ဖမ်းမိဟု စစ်တပ်ပြော

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၂၃၃) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ (၂၉) ရက်မှ (၃၁) ရက်အတွင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ ကျိုင်းလွန်းကျေးရွာအုပ်စုရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို...