Tuesday, January 27, 2026

ကွန်ဟိန်းမြို့နယ် အမျိုးသမီးတစ်ဦး အွန်လိုင်းပစ္စည်းသွားယူရင်း အသတ်ခံရ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တွင် အမျိုးသမီးတစ်ဦး အွန်လိုင်းတွင် မှားထာသည့် ပစ္စည်းသွားယူရင်း ဓားထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည့် အလောင်းကို တွေရှိကြောင်း သတင်းရရှိသည်။

အသတ်ခံရသည့် နန်းလူ

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ရက် တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင်နေထိုင်သည့် နန်းလူဆိုသည့် အမျိုးသမီးသည် အွန်လိုင်းတွင် မှာထားသည့်ပစ္စည်း သွားယူမည်ဟုဆိုပြီး ကွန်ဟိန်းမြို့သို့ ကားဖြင့်ထွက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၁ရက် တွင် ကွန်ဟိန်းမြို့ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ အတက်လမ်းစောင်းတန်းတွင် နန်းလူ၏ ခန္ဓာကိုယ် ဓားထိုးဒဏ်ရာဖြင့် သေနေသည့် ရုပ်အလောင်းကို ဘုရားဖူးများက တွေ့ခဲ့ကြောင်း ကွန်ဟိန်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကွန်ဟိန်း တောင်ပေါ်ဘုရားတက်တဲ့ စောင်းတန်းရဲ့ ဘယ်ဘက်မှာ နန်းလူရဲ့ အလောင်းကိုတွေ့တာ။ဓားထိုးဒဏ်ရာတွေ နဲ့ပဲ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ အမျိုးသမီး အလောင်းကိုတွေ့ချိန်တွင် ရင်ဘက်နှင့်ဝမ်းဗိုက်တဝိုက် ဓားထိုးသွင်းဒဏ်ရာ (၁၀)ချက်ကျော်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ သေဆုံးသူ၏ ကားပျောက်ဆုံးနေသေးကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်ပြီး ရဲစခန်းကို အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

0
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...