Tuesday, January 27, 2026

ကွန်ဟိန်းမြို့နယ် စစ်အာဏာသိမ်း ဆန့်ကျင်သူ ၃ဦး ယနေ့ထိ မလွှတ်မြောက်သေး

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားရာတွင် ပါဝင်ခဲ့သည့် ပြည်သူ (၃) ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၁၆)ရက်ထိ မလွှတ်မြောက်သေးကြောင်း စုံစမ်းသိရသည်။

ကွန်ဟိန်းမြို့ နှင့် ကာလိမြို့တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၃ ဦးကို ဖမ်းဆီးသွားပြီး၊ ၆ရက်တိုင်ကြာခဲ့သော်လည်း ပြန်လွှတ်ပေးချင်းမရှိသေးကြောင်းသိရသည်။

ဖမ်းဆီးခံရသူ (၃)ဦးဖြစ်သည့် ကွန်ဟိန်းမြို့နယ် စိုင်းလိန်ခမ်း၊ ကာလိမြို့မှ ဦးမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ) စိုင်းဟန်မိန်းတို့ဖြစ်သည်။

ထိုသူ (၃)ဦးကို တောင်ကြီးမြို့နယ်ရှိ တောင်းလေးလုံးထောင်တွင် ပို့ဆောင်ထားကြောင်း မိသားစုဝင်များ ပြောပြချက် အရသိရသည်။

“ ဟိုညလာဖမ်းသွားတုန်းကတော့ သူတို့လုံခြုံရေးအတွက်ဆိုပြီး လာထိန်းသိမ်းသွားတယ်။ ခုကတောင်းလေးလုံးထောင်ကို ရောက်သွားပြီး။ ကျမတို့ အရမ်းစိတ်ပူနေရတယ်။ ခုထိပြန်မလွှတ်လာပေးသေးဘူး” ဟု စိုင်းလင်းခမ်း၏ မိန်းမဖြစ်သူကပြောသည်။

လက်ရှိမှာ ဖမ်းဆီးခံရသူ ၃ဦးကို မည်သည့် အမှုဖြင့် ဖွင့်ထားသည်ကို မသိရှိရသေးကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် ကွန်ဟိန်းမြို့နယ် ဒေသခံ (၃)ဦးဖမ်းဆီးခံရပြီးနောက်၊ ကွန်ဟိန်းမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

“ သူတို့ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ဖက်ကလည်း ဆန္ဒထုတ်ဖော်တာမရှိတော့ပါဘူး” ဟု ကွန်ဟိန်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိဖမ်းဆီးခံရသူများကိုလည်း ပြန်လွှတ်ပေးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဒေသခံများမှာ သေချာမသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”

0
“တို့ဆေး”ရဲ့ အစွမ်းကြောင့် ပါလာတဲ့ပစ္စည်းတွေ လုယက်ခံရ၊ ငွေလိမ်လည်ခံရတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စနဲ့ ကြားလာရပါတယ်။ အဆိုးရွားဆုံးကတော့ “တို့ဆေး”ကြောင့် အမျိုးသမီးငယ်တစ်ယောက် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပြန်လွတ်လာတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တစ်ချိန်တစ်ခါက အေးချမ်းပြီး စိတ်လုံခြုံမှု အရှိဆုံးဆိုတဲ့ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ...

ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...