ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို နေရာချထားလျက်ရှိရာ ပြန်လည်ထူထောင်ရေးအတွက် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်တွေကို နေရာချထားတဲ့ဘက်တော့ လျှပ်စစ်မီး မရသေးဘူး၊ လမ်းကြားတွေလည်း မီးတိုင်မရှိသေးဘူး။ ရေအတွက်လည်း အဝီစိတွင်းတူးဖို့ အလှူရှင်ရှာနေတယ်၊ ရေကန်ကတော့ ရှိထားပြီးသား။ ရေနဲ့ လျှပ်စစ်မီးကတော့ လတ်တလော အခက်အခဲ ပြောလို့ရတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဖို့လည်း လျှစ်စစ်မီးရှိမှ ဖြစ်မှာ”ဟု စစ်ဘေးရှောင်ကူညီသူ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကာလိမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်း တိုက်ပွဲကြား သိန္နီ၊ လားရှိုး၊ ကျောက်မဲဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် မိသားစု (၂၀) ခန့်၊ လူဦးရေ (၁၀၀) နီးပါး ကျန်ရှိနေပြီး ဒေသခံများမှ မြေကွက်လှူဒါန်းကာ နေရာချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ပုံစာ – ကာလိမြို့ ရပ်ကွက်(၅) အနီး စစ်ဘေးရှောင်များအတွက် နေရာချထား (ဓာတ်ပုံ – ဒေသခံ ပေးပို့)

လက်ရှိတွင် ၎င်းစစ်ဘေးရှောင်များမှာ သုံးရေအတွက် လျှိုမြောင်ထဲရှိ သဘာဝရေတွင်းမှ သွားရောက်ခပ်ယူရခြင်းကြောင့် အဝီစိတွင်း တူးဖော်၍ သောက်ရေသုံးရေ ရရှိရန် စီစဉ်နေပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“သုံးရေကတော့ လျှိုထဲမှာ သဘာဝရေတွင်းတော့ ရှိတယ်။ အဝေးကြီးတော့ မဟုတ်ဘူး၊ တောင်အောက်ဆင်းပြီး ရေသွားခပ်ရတော့ အပေါ်မှာ ရေကန်ထပ်ဆောက်ထားတယ်။ ရေမော်တာနဲ့ တင်ကြည့်ဖို့ လုပ်နေတယ်။ ရေတွင်းက နွေရာသီဆို ရေခမ်းမှာလည်း စိုးရိမ်လို့၊ ရေရှိရင် သီးပင်စားပင်လည်း စိုက်လို့ရတော့ အိမ်သုံးစရိတ် နည်းနည်းကာနိုင်တယ်”ဟု ကာလိဒေသခံ စစ်ရှောင်ကူညီသူ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ကာလိမြို့တွင် ရောက်ရှိနေသည့် သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များသည် ယခင်က တင်းလီဈေးတွင် တစ်နှစ်ခွဲကျော် ခိုလှုံခဲ့ရာမှ ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် မိသားစုလိုက် ပေ ၅၀ x ၆၀ အကွက်ချ၍ နေအိမ်များ ဆောက်လုပ်ပြီးနောက် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ကာလိမြို့ ရပ်ကွက်(၅) အနီး စစ်ဘေးရှောင်များအတွက် နေရာချထား (ဓာတ်ပုံ – ဒေသခံ ပေးပို့)

“ဒေသခံရဲ့ ခြံတွေလည်း စိုက်ပျိုးခွင့်ပြုထားတော့ ပဲပုပ်တို့၊ ပြောင်းဖူးတို့ စိုက်ကြတယ်။ ပွဲရုံတွေကလည်း ပြောင်းမျိုးတွေ စိုက်ထုတ်ပေးတာ ရှိတယ်။ အဝီစိရေတွင်း တူးဖို့က သိန်း ၇၀ လောက် လိုတယ်၊ လမ်းမီးကတော့ ၂ ခုပဲ ရသေးတယ်။ စစ်ပွဲကြားထဲ ထွက်ပြေးရတဲ့လူက မှောင်နေရင် သူတို့လည်း အားငယ်မှာ ကြောက်တယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာ စိုးရိမ်တာ”ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ကွန်ဟိန်းမြို့နယ်ရှိ ကာလိမြို့သို့ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်သည့် ၂၀၂၃ ခုနှစ်ကတည်းက သိန္နီ၊ လားရှိုး၊ ကျောက်မဲမြို့များမှ စစ်ဘေးရှောင်မိသားစု (၃၀၀) ကျော်၊ လူဦးရေ (၁၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အချို့မှာ နေရပ်ပြန်သွားကာ အချို့လည်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာသွားကြကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...