Tuesday, January 27, 2026

ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်း ယနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ ၃ ဦးကို လာရောက်ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်းစုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူ (၃)ဦးသည် ကွန်ဟိန်းမြို့တွင် စိုင်းလင်းခမ်း တဦး နှင့် ကာလိမြို့တွင် စိုင်းမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ)စိုင်းဟန်မိုင်း တို့ဖြစ်ကြောင်းသိရသည်။

“ ဒီနေ့က ကွန်ဟိန်က တစ်ယောက်၊ ကာလိက ၂ ယောက်ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ လူစုလူဝေးလုပ်လို့တဲ့၊ ပြီးတော့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ဖမ်းဆီးသွားတယ်” ဟု ကာလိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ၃ဦးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး က သဘာဝ ဘေးအန္တရာယ် ပုဒ်မ ဖြင့် တရားစွဲထားကြောင်း၊ လာရောက်ဖမ်းဆီးသည့်အချိန်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းကာ တပ်မတော်ကို ပြန်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီး၊ ထို့နောက်ပြည်သူများက တပ်မတော်အာဏာသိမ်းယူသည့်အပေါ် တရက်ထက် တရက် ဆန့်ကျင်ဆန္ဒပြမှုများလာကာ သျှမ်းပြည် အပါအဝင် မြန်မာပြည် တဝှမ်းပြည်သူ သန်းပေါင်းများစွာ က နည်းမျိုးစုံဖြင့် ဆန္ဒပြ နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...

ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...

ငလျင်ဘေးဒဏ်ကြား သံလွင်တံတား (တာကော်တံတား)ကို အိုးစည်ဗုံးမောင်းတီးကာ ဖွင့်လှစ်

0
အင်အားပြင်း ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် ပြည်သူများ ပူဆွေးသောကရောက်နေချိန် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကို ချိတ်ဆက်ထားသည့် သံလွင်တံတား(တာကော်တံတား)အသစ်တစ်စင်းကို ယမန်နေ့ (ဧပြီလ ၇) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ အဆိုပါတံတားတွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...

ကွန်ဟိန်းမြို့နယ် ကျေးရွာတစ်ခုရှိ ဒေသခံများကို RCSS မှ နေရာပြောင်း‌ရွှေ့ခိုင်း

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာတစ်ခုရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ယနေ့ထိတိုင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့်...