MNDAA ဖမ်းဆီးထားသည့် လားရှိုးဒေသခံ ဆန္ဒပြသူ (၅) ဦး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဆန္ဒပြရွာသား (၅) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ SSPP ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ရပ်မိရပ်ဖများကို ဆင့်ခေါ်ခဲ့ပြီး ၎င်းတို့ သုံးပတ်နီးပါး ဖမ်းဆီးချုပ်နှောင်ထားသည့် ရွှေတူးဖော်မှု ကန့်ကွက်ဆန္ဒပြသူ (၅) ဦးကို နေ့လယ်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ရပ်မိရပ်ဖတွေကို သူတို့ (MNDAA) ဘက်က ခေါ်ပြီးတော့ မန်စယ်ရွာသား (၅) ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ အခု သွားကြိုလာပြီ၊ သံလွင်စံပြရွာက ကိုးကန့်ရုံးကို ထပ်ဝင်ရမယ် ပြောတယ်” ဟု ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်သို့ နှစ်သစ်ကူးအထိမ်းအမှတ် လာရောက်လည်ပတ်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ထိပ်ပိုင်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ပတ်အကြာတွင် MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသားများ ပြန်လည်လွှတ်မြောက်လာခြင်း ဖြစ်သည်။

လားရှိုးမြို့နယ်တွင် MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင် သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဆောင်ဆန္ဒပြသူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ရှာဖွေရန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ (၂) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ကျေးရွာဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများမှ သိန္နီမြို့ရှိ MNDAA တာဝန်ရှိသူများထံ သွားရောက်ညှိနှိုင်းခဲ့ချိန်တွင် ဆန္ဒပြသူ (၂၇) ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး (၉) ဦးကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ထိုအတောအတွင်း ဖမ်းဆီးခံထားသည့် လားရှိုးဒေသခံများကို ပြန်လွှတ်ပေးရန် SSPP/SSA ဘက်မှ MNDAA ဌာနချုပ်သို့ စာပေးပို့ ညှိနှိုင်းခဲ့ပြီး သျှမ်းအရပ်ဖက် အဖွဲ့အစည်းများလည်း ကြေညာချက် အသီးသီး ထုတ်ပြန်တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီလ (၉) ရက်တွင် သိန္နီမြို့၌ ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူ (၉) ဦးထဲမှ (၄) ဦးကို ပြန်လွှတ်ပေးခဲ့သည်။

MNDAA ဘက်မှ မန်စယ်ရွာသား (၅) ဦးကို ဆက်လက် ဖမ်းဆီးထားခြင်းကြောင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး စိုးရိမ်ရပြီး ဒေသအကျိုးစီးပွား အလို့ငှာ ဆန္ဒဖော်ထုတ်ကြသည်ကို နှောင့်ယှက်ဟန့်တားရုံမက အဓမ္မ ရိုက်နှက် ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း သျှမ်းလူငယ်ကွန်ဂရက် အပါအဝင် သျှမ်းလူငယ်အဖွဲ့အစည်း (၁၁) ဖွဲ့မှ ဖေဖော်ဝါရီလ (၁၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...