ကွန်ဟိန်းမြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတချို့က စစ်ရှောင်ထွက်ပြေးရပြီး သျှမ်းတပ်နှစ်တပ်မှလည်း အပြန်အလှန် ပြစ်တင်ပြောဆို နေကြကြောင်း သတင်းသိရသည်။

RCSS နှင့် SSPP

ယမန်နေ့ (မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ကွန်ဟိန်းမြို့နယ် လိုက်ကမ်ကျေးရွာအုပ်စု၊ နမ့်တွတ်ကျေးရွာအနီး၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် နမ့်တွတ်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များက နီးစပ်ရာ ဘုန်းကြီးကျောင်း နှင့် လယ်တဲထဲ စစ်ရှာင်ထွက်ပြေးရကြောင်း လိုက်ကမ်ကျေးရွာအုပ်စုမှ အသက် ၄၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဒေသမှာ ထိတွေ့တိုက်ပွဲ တခါမှ မဖြစ်ဖူးသေးဘူး၊ အခုက ပထမဆုံးအကြိမ် ဖြစ်တယ်၊ ဒါကြောင့်မို့ ရွာသားတွေ ကြောက်ကြရတာပေါ့၊ မနေ့ ပစ်ခတ်သံက ၁၀ မိနစ်လောက်တောင် မကြာပါဘူး၊ ဒါပေမဲ့ စစ် ဆိုတာ နဲ့ ရွာသားတွေက ကြောက်နေကြပြီလေ၊ တချို့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေက ဘုန်းကြီးကျောင်း၊ လယ်တဲတွေမှာ စစ်ရှောင်ပြီး ရောက်နေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ယနေ့ မတ်လ (၃) ရက်နေ့တွင် စစ်ရှောင်ထွက်ပြေးနေသူ တချို့က နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း တချို့က ပြန်မလာရဲသေးကြောင်း ၎င်းက ဆက်ဆိုသည်။

လက်ရှိအချိန်တွင် နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေသေး ကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် RCSS/SSA က ဒီ နမ့်တွတ်အနီးမှာ လှုပ်ရှားတယ်။ SSPP/SSA က နောင်တောင်းဘက်မှာ လှုပ်ရှားတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က အရမ်းနီးတယ်။ တခါတလေ အော်ပြီး စကားတောင်ပြောကြတာပဲ၊ မနေ့က ထိတွေ့မှု ဖြစ်လာတော့ ရွာသားတွေကလည်း လန့်ကြတာ။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ တချို့က အိမ်တောင် မပြန်ရဲ သေးဘူး” ဟု အထက်ပါ အမည်မဖော်လိုသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု နှင့် ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ကို ဆက်သွယ်မေးမြန်းရာ SSPP/SSA ထိုးစစ်ဆင်လာမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနယ်က ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်၊ သူတို့ (SSPP/SSA) အစီအစဥ် နဲ့ ကျနော်တို့ နယ်ထဲကို ဝင်ရောက် လာတော့ ထိတွေ့တိုက်ပွဲက ဖြစ်ရတာပါ၊ အသေးစိတ်တော့ မသိရသေးဘူး၊ အခုချိန်ထိတော့ နှစ်ဖက် စစ်ရေးက တင်းမာနေသေးတယ်” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ကို ဆက်သွယ်မေးမြန်းရာမှာတော့ RCSS/SSA တပ်သားများ၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်လာရကြောင်း SSPP/SSA တပ်ဖွဲ့မှ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒေသမှာ လှုပ်ရှားတဲ့ ကျနော်တို့ တပ်သားတွေကို သူတို့ (RCSS/SSA) ကနေ ချောင်းမြောင်း ပစ်ခတ်ဖို့ ကြိုးစားမှု အကြိမ်ကြိမ် ရှိခဲ့ပါတယ်၊ သျှမ်းအချင်းချင်း ထိတွေ့တိုက်ပွဲ မဖြစ်ချင်လို့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး အကြိမ်ကြိမ် ရှောင်ခဲ့တယ်၊ ဒါပေမဲ့ မနေ့ကတော့ ထိတွေ့မှု အနည်းငယ် ဖြစ်ခဲ့တာပေါ့နော်၊ ကျနော်တို့က စပြီးပစ်ခဲ့တာ မဟုတ်ပါဘူး” ဟု ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သျှမ်းတပ်နှစ်တပ်၏ ပြောရေးဆိုခွင့်များကို ဆက်သွယ်မေးမြန်းရာမှာတော့ အပြန်အလှန် အချင်းချင်း ပြစ်တင် ပြောဆိုမှုများ ရှိနေကြသည်။

၂၀၂၃ ခုနှစ်အတွင်း သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲသည် ယခုတစ်ကြိမ် ပထမဆုံး အကြိမ် ဖြစ်နေပြီး နောက်ဆုံး ထိတွေ့တိုက်ပွဲက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ရပ်စောက်မြို့နယ်ထဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...