ကျောက်မဲ
ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀)ကျော်ရောက် အခက်ခဲရှိနေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ပြည်သူ (၈၀)ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်း ကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီး ရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊...
ကျောက်မဲတွင် အိမ်တွင်းကုသနေမှု ထိန်းချုပ်နိုင်ရန် Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့တွင် ကျန်းမာရေးမကောင်းသည့် သူများ၊ ငွေကြေးခက်ခဲသူများ အလွယ်တကူ လာရောက်ပြသနိုင်ရန်နှင့် အိမ်တွင်းပုန်း ကုသနေသူများ လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဇူလိုင် ၂၆ ရက်နေ့(ယနေ့)မနက်ပိုင်း မှစတင်ကာ Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်ကာ ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်နေပြီး ကာကွယ်ထိန်းချုပ်ကုသမှု...
ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြားမှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို...
ကျောက်မဲ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ဇူလိုင် (၁၉)ရက်နေ့က ကိုဗစ် − ၁၉ ကူးစက်ခံရသူ ၃၂ ဦးရှိကာ ထိုထဲတွင် ရဲဝန်ထမ်း ၁၆ ဦးပါဝင်ပြီး၊ သေဆုံးသူ (၄)ဦးထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ မနက်ပိုင်းတွင် နောင်ပိန်ရဲစခန်းမှ (ရခိုင်ပြန်) ရဲဝန်ထမ်း (၄)ဦး ကိုဗစ်ပိုး...
ကျောက်မဲ ကိုဗစ်-၁၉ လူနာတွင် ကာကွယ်ဆေးထိုးထားသူများပါ
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင်အတွင်း ဇူလိုင် ၇ ရက်(ယနေ့) မနက်ပိုင်းအထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ (၅၅၃)ယောက်ရှိပြီး ထိုထဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သူများပါဝင်ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲခရိုင်အတွင်းမှာပါဝင်သည့် ကျောက်မြို့တွင် (၉၇)ဦး၊ သီပေါ (၁၄၆)ဦး၊ နောင်ချို (၂၉၈)ဦးနှင့် နမ္မတူ (၁၂)ဦးတို့ရှိပြီး မိုင်းလုံ ၊...
ကျောက်မဲ မိုးရွာသွန်းမှုကြောင့်ရေကြီးရေလျှံဖြစ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မိုးသည်းထန်စွာမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ ရွှံ့များနေအိမ်ထဲသို့ ဝင်ရောက်ပြီး၊ရေကြီးရေလျှံဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာမှုကြောင့် မြို့ပေါ် ရပ်ကွက်များ ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားနေပြီး၊ တောင်ကျချောင်းရေနှင့်အတ ရွှံရေများလည်း နေအိမ်ထဲသို့ ဝင်ရောက်လာကြောင်း ကျောက်မဲဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...
ကျောက်မဲ အမြောက်တပ်အနီးရှိ ပညာရေးကျောင်း ဗုံးတွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အမြောက်တပ်အနီးရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အဝင်တံခါးပေါက်တွင် ယနေ့ ( ဇွန် ၂) ရက် မနက် (၈)နာရီခွဲ၌ ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ “ဗုံးတွေ့တော့ တာဝန်ရှိသူတွေ လာဖောက်ခွဲလိုက်တယ်။ အဲ့ကျောင်းက တပ်မိသားစုတွေ ဝန်ထမ်းမိသားစုတွေ တက်ကြတာ။ အခုတော့...
ကျောက်မဲမြို့စာသင်ကျောင်းတွင် အရပ်၀တ် ဆရာ/ဆရာမများ ကျောင်းအပ် လက်ခံနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိအခြေခံပညာစာသင်ကျောင်းများတွင် အရပ်၀တ်ဖြင့် ကျောင်းဆရာများက ယနေ့ကျောင်းအပ်လက်ခံနေပြီး တပ်မိသားစုအနည်းငယ်သာ ကျောင်းအပ်နေကြောင်းသိရသည်။ စစ်ကောင်စီမှ ကျောင်းအပ်ရန် ကြေငြာထားသော ယနေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းကစပြီး ကျောက်မဲမြို့ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ ရဲနှင့်တပ်သားများက လုံခြုံရေးစောင့်ကြပ်ကာ အရပ်ဝတ်ဖြင့် ဆရာ/ဆရာမများက ကျောင်းအပ် လက်ခံနေကြောင်း ကျောက်မဲဒေသခံများကပြောသည်။ “စစ်ကောင်စီက...
ကျောက်မဲ အရပ်သား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့(ဧပြီ ၇)ရက် ည (၈နာရီ) ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ပစ်ဖောက်ပြီး အရပ်သား (၂) ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ည (၈) နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ အင်အား အများအပြားဖြင့် ထို...
ကျောက်မဲ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြား အရပ်သား ၅ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ မြောက်ပိုင်းမဟာမိတ် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲကြောင့် အရပ်သား(၅) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ နှစ်ဖက်တိုက်ပွဲ တင်းမာနေပြီး ဒေသခံ (၅) ဦး သေဆုံးပြီး (၃) ဦး...






