ကျောက်မဲ မိုးရွာသွန်းမှုကြောင့်ရေကြီးရေလျှံဖြစ်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မိုးသည်းထန်စွာမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ ရွှံ့များနေအိမ်ထဲသို့ ဝင်ရောက်ပြီး၊ရေကြီးရေလျှံဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာမှုကြောင့် မြို့ပေါ် ရပ်ကွက်များ ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားနေပြီး၊ တောင်ကျချောင်းရေနှင့်အတ ရွှံရေများလည်း နေအိမ်ထဲသို့ ဝင်ရောက်လာကြောင်း ကျောက်မဲဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီရက် မိုးတွေအရမ်းရွာတော့ ရေမြောင်းတွေကလည်း ရေစီးမှု အားနည်းတော့ ရေကြီးရေလျှံတွေဖြစ်တာပါ။ ရွှံရေတွေရော အိမ်ထဲထိရောက်တယ်။ အရင်နှစ်တွေ က ဒီလို မဖြစ်ဘူး” ဟု ကျောက်မဲမြို့ ဒေသခံ တစ်ဦးက ဆိုသည်။

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှု သည် ယခင်တွင် မရှိခဲ့ကြောင်း၊ သစ်တောပြုန်းတီးမှု၊သဘာဝရင်းမြစ် ပျက်စီးမှုကြောင့် တောင်ကျရေများစီးကျကာ အနိမ့်ပိုင်းသို့ ရေဝင်လာကြောင်း သိရသည်။

“ အနိမ့်ပိုင်းရပ်ကွက်မှာ တောင်ကျရေများ ဝင်ရောက်ခြင်းများအပြင် နေအိမ်တွေ၊ ဆိုင်တွေ မှာ တမံတလင်း ခင်းကြတဲ့အတွက် ရေစိမ့်ဝင်ရမယ့် နေရာတွေ မရှိတော့ ချောင်ထဲမှ ရေတွေပါ လျှံလာတယ်။ နေအိမ် ၊ဆိုင်ခန်းတွေထဲ ရွံ့ရေတွေ ဝင်လာတာပါ” ဟု ကျောက်မဲ ဒေသခံ တဦး က ထပ်လောင်းပြောသည်။

ပြီးခဲ့တဲ့ မေလ (၁၈) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေလ (၁၉)ရက် မနက်ပိုင်းမှာ မြို့ပေါ်လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...