ကျောက်မဲတွင် အိမ်တွင်းကုသနေမှု ထိန်းချုပ်နိုင်ရန် Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကျန်းမာရေးမကောင်းသည့် သူများ၊ ငွေကြေးခက်ခဲသူများ အလွယ်တကူ လာရောက်ပြသနိုင်ရန်နှင့် အိမ်တွင်းပုန်း ကုသနေသူများ လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဇူလိုင် ၂၆ ရက်နေ့(ယနေ့)မနက်ပိုင်း မှစတင်ကာ Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်ကာ ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်နေပြီး ကာကွယ်ထိန်းချုပ်ကုသမှု အားနည်းနေသည့်အတွက် အခမဲ့ဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဆိုပါဆေးခန်းတွင် ကုသပေးမည့် စေတနာ့ ဆရာဝန်တစ်ဦးက ခုလိုပြောသည်။

“ကိုဗစ် 1st wave ၊ 2nd wave တုန်းကလို ကာကွယ်ထိန်းချုပ်ကုသမှုတွေက အပြည့်အဝမလုပ်နိုင်တော့ပဲ အိမ်တွင်းပုန်းရောဂါသည်တွေ အဖြစ်များလာတယ်၊ ကူးစက်သေဆုံးမှုတွေက အရမ်းတိုးလာနေတယ်၊ ပိုး ရှိ မရှိ၊ လူနာနဲ့ထိတွေ့သူတွေ၊ သံသယလူနာတွေကိုပါ မစစ်ဆေးနိုင်တော့ဘူး၊ ဒါကြောင့် ရပ်ကွက်ထဲက ဖျားနာသူတွေအများစုဟာ ကိုဗစ်ကြောင့်ပဲဖြစ်မယ်လို့ ယူဆနိုင်ပြီး လူနာတွေအတွက် သီးခြားခွဲထုတ် စစ်ဆေးကုသ လွှဲပြောင်းမှုတွေလုပ်ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ” ဟု ဆေးခန်းတွင်ကုသပေးမည့် စေတနာ့ ဆရာဝန်တစ်ဦးက က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါဆေးခန်းကို ကျောက်မဲပြည်သူ့ဆေးရုံရှေ့ရှိ မူကြိုကျောင်း(နေ့ကလေးထိန်းကျောင်း)တွင် ဖွင့်လှစ်ထားတာဖြစ်ပြီး ကုသရေးပိုင်းတွင် စေတနာ့ဆရာဝန်များဖြစ်သည့် ဒေါက်တာ သိန်းဇော်၊ ဒေါက်တာ ဇေယျာမင်းနိုင်နှင့် ဒေါက်တာ သန့်ဇင်တို့က တာဝန်ယူ ကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးမကောင်းပေမယ့် အိမ်တွင်းပုန်းပြီး ကြိတ်ကုတဲ့သူတွေရှိတယ်၊ အဲ့လို ကြိတ်ကုရင်းနဲ့ သေဆုံးသွားတာတွေလည်း ကြားနေရတာပဲ၊ အဲလို အိမ်တွင်းပုန်းပြီး ကြိတ်ကုတာတွေကို မလုပ်ကြပါနဲ့၊ ရောဂါတွေ ပိုပြီးတော့ ပျံ့နှံ့သွားရင် ပိုပြီးခက်ခဲသွားမှာစိုးရိမ်တယ်၊ အဲ့တော့ ဆေးခန်းကို လာပြကြ၊ ငွေကြေးမတတ်နိုင်လည်း လာပြကြပါ၊ ကိုဗစ်ရောဂါလက္ခဏာရှိတဲ့ လူနာတွေကို ကိုဗစ် စစ်ပေးမယ်၊ ရောဂါပိုး တွေ့ခဲ့ရင်လည်း ဆေးရုံတက် ကုသလို့ရအောင် ဆေးရုံအုပ်နဲ့ စီစဉ်ထားပါတယ်” ဟု အောင်မင်္ဂလာအဖွဲ့ ဥက္ကဌ ကိုကျော်ကျော်ဦးက ပြောသည်။

ယခုဖွင့်လှစ်သည့် Fever Clinic အခမဲ့ဆေးခန်းသည် အောင်မင်္ဂလာအခမဲ့ဆေးခန်းဖွင့်လှစ်သည့် အဖွဲ့နှင့် ခရိုင်ကျန်းမာရေးဌာန၏ အထောက်အပံ့ဖြင့် ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ ကျောက်မဲမြို့တွင် ယခင်က အောင်မင်္ဂလာ အခမဲ့ဆေးကုခန်းကို စေတနာ့ဆရာဝန်ဖြင့် ဖွင့်လှစ်ကုသပေးခဲ့တာဖြစ်ပြီး ကိုဗစ်လူနာများပြားလာသည့်နောက်တွင် ဆေးခန်းအား ယာယီပိတ်ထားခဲ့သော်လည်း ဆေးဝါးဝေငှပေးမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“ရုတ်တရက် သေဆုံးတာတွေက နေ့တိုင်းကို ရှိနေတာ၊ နေမကောင်းဖြစ်ပေမယ့် ဘယ်သွားပြရမှန်းမသိ၊ ဆေးရုံကိုလည်း မသွားရဲ အဲ့တော့ အိမ်တွင်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးသောက်နေကြတာတွေ၊ ပြီးတော့ သေဆုံးသွားတာတွေ ကြားနေရတာပဲ” ဟု ကျောက်မဲမြို့တွင် ပရဟိတဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

Fever Clinic အခမဲ့ဆေးကုခန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် (၉)နာရီမှ စတင်ဖွင့်လှစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၄၀၀)ဝန်းကျင်ရှိနေပြီး သေဆုံးသူ (၁၅)ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။