ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။

photo by Ko San Myint

“ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြားမှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို တွေ့ခဲ့တာပါ ”ဟု အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောသည်။

ထို အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေး စင်တာ တွင် စုစုပေါင်း (၁၅)ဦးရှိရာ (၁၄)ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း၊ အုပ်ချုပ်နေသည့်သူတစ်ဦးလည်း ပါကြောင်း အထက်ပါ တာဝန်ရှိသူ က ပြောသည်။

အဆိုပါ စင်တာတွင်ရှိသော ဘိုးဘွားအားလုံးနီးပါး ကိုဗစ် ကူးစက်ခံထားရတာဖြစ်ပြီး အောက်ဆီဂျင် ပေးထားရသည့် ဘိုးဘွားလည်းရှိနေကြောင်း၊ ဘိုးဘွားများအား ကျန်းမာရေးပြုစုစောင့်လျှောက်ပေးနေသူများက ကိုဗစ်ကူးစက်ခံရခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

Photo by Ko San Myint

“အောက်ဆီဂျင်ပေးထားရတဲ့ ဘိုးဘွား (၃)ဦးရှိတယ်၊ နောက်ထပ် အောက်ဆီဂျင် အရေးပေါ်လိုအပ်လာရင်လည်း အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားတယ်။ ကျန်းမာရေးဌာနနဲ့လည်း ချိတ်ဆက်ထားတယ်၊ ကျန်တဲ့ဘိုးဘွားတွေကတော့ ခုထိ ကျန်းမာရေးအခြေနေ ကောင်းနေကြသေးတယ်၊ ဒါပေမယ့် သက်ကြီးဘိုးဘွားတွေ၊ ရောဂါအခံရှိတဲ့ ဘိုးဘွားတွေဆိုတော့ စိုးရိမ်ရတာပေါ့” ဟု တာဝန်ရှိသူ က ဆိုသည်။

အဆိုပါ စင်တာတွင်ရှိသော ဘိုးဘွားများသည် အသက် (၆၂)နှစ်မှ အသက်အကြီးဆုံး (၉၂)နှစ်အရွယ်ထိရှိကြောင်း၊ ဘိုးဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးနေသူ (၂)ဦးနှင့် အထွေထွေလုပ်သား (၃)ဦးရှိပြီး ၎င်းတို့တွင် ကိုဗစ်ကူးစက်ခံရမှု မရှိသေးကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ (၄၀၀)ဝန်းကျင်နှင့် သေဆုံးသူ (၁၅)ဦးခန့် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။