ကျောက်မဲ ကိုဗစ်-၁၉ လူနာတွင် ကာကွယ်ဆေးထိုးထားသူများပါ

သျှမ်းမြောက် ကျောက်မဲခရိုင်အတွင်း ဇူလိုင် ၇ ရက်(ယနေ့) မနက်ပိုင်းအထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ (၅၅၃)ယောက်ရှိပြီး ထိုထဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သူများပါဝင်ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲခရိုင်အတွင်းမှာပါဝင်သည့် ကျောက်မြို့တွင် (၉၇)ဦး၊ သီပေါ (၁၄၆)ဦး၊ နောင်ချို (၂၉၈)ဦးနှင့် နမ္မတူ (၁၂)ဦးတို့ရှိပြီး မိုင်းလုံ ၊ နမ့်ဆန် နှင့် မန်တုံမြို့များတွင် ကိုဗစ်ကူးစက်မှုအနေအထား မည်မျှရှိသည်ကို မသိရသေးပါ။

ကိုဗစ်ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူများမှာ ကျောက်မဲတွင် (၂)ဦး၊ သီပေါ (၅)ဦး၊ နောင်ချို (၂)ဦးနှင့် နမ္မတူ (၁)ဦးတို့ဖြစ်သည်။ ယနေ့မနက်တွင် ကျောက်မဲမြို့ ရပ်ကွက် (၈)မှ ကိုဗစ်လက္ခဏာဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး မွန်းလွှဲပိုင်းတွင် သီပေါမြို့မှ အသက်(၆၀)ဝန်းကျင်ရှိ ကိုဗစ်အတည်ပြုလူနာ (၁)ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

“ရောဂါကူးစက်ခံရတဲ့သူတွေထဲမှာ ကာကွယ်ဆေးထိုးထားတဲ့သူတွေလဲ ပါတယ်၊ အသိထဲကတစ်ယောက် အနံ့ပျောက်လို့ ဆေးသွားစစ်တယ် (p)ထွက်တယ် Q Center မှာ နေရတယ်။ သူပြောပြတာဆိုရင် ဆေးလည်း မတိုက်ဘူး၊ နေရထိုင်ရတာလည်း အဆင်မပြေဘူး၊” ကျောက်မဲမြို့ မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိကိုဗစ်-၁၉ ကူးစက်ခံရသူများလာသဖြင့် ကျောက်မဲမြို့ဒေသခံများက စိုးရိမ်မှုများစွာနှင့်နေထိုင်နေရကြောင်း၊ လက်ရှိမှာ အာမခံချက်မရှိသည့်အတွက် စိတ်ပူရကြောင်းလည်း ၎င်းက ဆိုသည်။

ကျောက်မဲမြို့တွင် ကိုဗစ်လက္ခဏာဖြစ်ပြီး ရုတ်တရက် သေဆုံးသွားသည့် သူများရှိကြသလို အသက်ရှူကျပ်ပြီး သေဆုံးသူများလည်းရှိကြောင်း ကျောက်မဲမြို့မှ ပရဟိတ လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တစ်ချို့သေဆုံးပြီးတဲ့သူတွေဟာ ကိုဗစ်လက္ခဏာဖြစ်ပေမယ့် ကိုဗစ်ပိုး ရှိ မရှိ သေချာစစ်ဆေးပေးတာတွေ မရှိဘူး။ အဲ့တော့ ပြည်သူတွေအနေနဲ့ အပြင်ထွက်ရင် Mask တပ်၊ လက်ကို သေချာဆေးဖို့ လိုတယ်၊” ဟု ကျောက်မဲမြို့မှ ပရဟိတလုပ်ငန်းတွင် ပါဝင်လှုပ်ဆောင်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် ကိုဗစ်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေလည်း ဈေးတက်လာကြောင်းလည်း ကျောက်မဲဒေသခံများ ပြောပြချက် အရသိရသည်။

သီပေါမြို့တွင် ပရဟိတကူညီဆောင်ရွက်ပေးနေသူ (၁) ဦး အပါအဝင် ယနေ့တွင် ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး အတည်ပြုလူနာနှင့် ထိတွေ့သူများကို ထားရှိရန် ရေဟော်ဘုန်းတော်ကြီးသင် စာသင်ကျောင်းကိုလည်း Quarantine Center အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တွင် ယနေ့မနက်ပိုင်းအချိန်ထိ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၂၄၁၀)ဝန်းကျင်ရှိနေပြီး သေဆုံးသူ (၅၀)ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။