ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀)ကျော်ရောက် အခက်ခဲရှိနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ပြည်သူ (၈၀)ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်း ကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီး ရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊ လသားအရွယ် ကလေးငယ်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်းပါတယ်” ဟု ဟူးဆွန်ကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်များ စစ်ရေးတင်မာနေမှုရှိပြီး တိုက်ပွဲဖြစ်လာလျင် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် စိုးရိမ်ကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အားလုံးက ကိန်ကိုင်ဒေသခံတွေပဲ၊ အဲဒီရွာအနီးနားမှာရှိတဲ့ ဟိန်းဝိုး၊ ပန်တောင်းကျေးရွာဘက်မှာ RCSS နဲ့ SSPP/SSA ၊ TNLA တို့ မကြာခဏ ပစ်ခတ်မှုဖြစ်နေတယ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကြောက်လို့၊ ရွာနဲ့လည်း အရမ်းနီးနေတော့ ကလေးနဲ့ လူကြီးတွေကို ထိခိုက်မှာစိုးရိမ်လို့ ထွက်ပြေးလာကြတာ” ဟု ဆိုသည်။

ယရက်ပိုင်း ပစ်ခတ်မှုများ ငြိမ်နေသည့်အတွက် ရွာမှ ရှောင်ထွက်လာခဲ့တာဖြစ်ကြောင်း၊ စစ်ဘေးရှောင်များထဲတွင် အမျိုးသား (၂၂)ဦးနှင့် အမျိုးသမီး (၅၉)ဦးရှိနေပြီး ကျောက်မဲမြို့ပေါ်ရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေသူများလည်း (၃၀)ခန့်ရှိကြောင်း သိရသည်။

“ကျောက်မဲမြို့ပေါ်မှာက ကိုဗစ်လူနာတွေ အရမ်းများနေတော့ ရောဂါကိုလည်း ကြောက်တယ်၊ တချို့က မြို့ထဲမှာရှိတဲ့ ဆွေမျိုးတွေဆီ ဆင်းသွားတာရှိတယ်၊ အများစုကတော့ ဒီရွာမှာပဲ လာနေနေရတာ၊ အစားအသောက်နဲ့ နေထိုင်ဖို့ ခက်ခဲနေတယ်၊ တစ်ချို့ဆို ဘာမှကို မယူလာရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအပါအဝင် မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် (၆၀၀)ခန့်ရှိနေကြောင်း သိရသည်။

ယခုချိန်တွင် လက်ဖက်ခူးဆွတ်ရသည့်ရာသီဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျေးရွာဒေသခံများ အလုပ်လက်မဲ့ဖြစ်ကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...