ကျောက်မဲ
ကျောက်မဲ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ဘေးရှောင်ပြည်သူများ (၂၀၀၀) ကျော် သည် အောက်တိုဘာ (၁၈)ရက် တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “၂၀၀၀ ကျော်လောက်တော့...
ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ
သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ် နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။ “တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။...
ကျောက်မဲ ပုံဝိုးစစ်ရှောင်စခန်းအနီး စစ်ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားဖြည့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ စစ်ရှောင်များခိုလှုံရာဘုန်းကြီးကျောင်းအနီး တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် လက်နက်အင်အားတို့ကို ထပ်မံဖြည့်တင်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လှန့်နေကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အေ ရှ့မြောက်တိုင်း(ရမခ)စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် (၄)စီးဖြင့် လူအင်အား၊ လက်နက်အင်အားတို့ကို...
ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(အောက်တိုဘာ ၉ )ရက် ည ၈နာရီ မှ ၉ နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီး...
ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်
အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင် ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန် စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။ ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...
ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...
ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် မှ စစ်ရဟတ်ယာဉ်သုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော် သည် ယမန်နေ့ (အောက်တိုဘာ ၇)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ် ၂ စင်းဖြင့် တပ်မတော်သားများအတွက် ရိက္ခာနှင့်အင်အားဖြည့်တင်းချင်ပေးပြီး အပြန်လမ်းတွင် ရဟတ်ယာဉ်ပေါ်မှ လက်နက်ကြီးပစ်ချခဲ့ကြောင်း...
တိုက်ပွဲကြောင့် ကျောက်မဲ တောင်ထိပ် စစ်ရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ မပို့နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းသို့တိမ်းရှောင်လာသည့် စစ်ရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့သည် အောက်တိုဘာလ ၂...
ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာတောပိုင်းသို့ အစိုးရတပ်ပစ်ခတ်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားနေထိုင်ရာတောပိုင်းက်သို့ အစိုးရတပ်မတော်မှ စစ်ကြောင်း ၂ ကြောင်းထိုးကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အင်အားဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။ စက်တင်ဘာလလ ၃၀ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်စစ်ကြောင်းတစ်ကြောင်းကကျောက်မဲမြို့ ကျွဲကုန်းမှ နောင်ပိန်အွန်၊ ထိုမှတဆင့် နားပိန်း-နားပုံသို့လည်းကောင်း၊ ကျန်စစ်ကြောင်းတစ်ကြောင်းကလည်း ကောင်းဟုန်းမှ...
ကျောက်မဲကစစ်ရာဇဝတ်မှုအမှန်တရားနဲ့ဝေးနေပြီလား….
SHAN -
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ က သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့က ဟိုင်းကွီရွာမှာ သီပေါအခြေစိုက် ခလရ၂၃ တပ်မတော်စစ်ကြောင်းရဲ့ ဝင်ရောက်ပစ်ခံရမှုကြောင့် ရွာခံလုံးဆု အသက်ဆုံးရှူံးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ဇူလိုင်လ ၁၀ရက်နေ့မှာကျောက်မဲဒေသခံ ထောင်ချီဟာ တရားမျှတမှုအတွက် ဆန္ဒ ပြခဲ့ကြပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့က...





