သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့က စပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ကွင်းဆင်းကောက်ယူသည့်စာရင်းများအရ သိရသည်။

“ကျနော်တို့ သျှမ်းပြည်အစိုးရအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အိမ်ထောင်စု (၅၀၀) လူဦးရေ (၁၇၀၀) ကျော်ကို ထောက်ပံ့ပေးခဲ့တယ်” ဟု သျှမ်းပြည် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်က ပြောသည်။

စစ်ဘေးရှောင်ပြည်သူများကို ၇ ရက်တစ်ကြိမ်ထောက်ပံ့မှု ပေးခဲ့ကြောင်း၊ စုစုပေါင်းကျပ်ငွေ ၅၇ သိန်းကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာ စသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးစိုးညွန့်လွင်က ပြောသည်။

“ကျနော်တို့က ၁ လစာဆိုပြီး ထောက်ပံ့ကူညီပေးလို့မရဘူး။ ဘာလို့လဲဆိုတော့ စစ်ရှောင်တစ်ချို့တွေက အိမ်ပြန် သွားတာတွေရှိတယ်။ ကျနော်တို့လည်း စာရင်းကောက်ရတာ ခက်တယ်” ဟု ဦးစိုးညွန့်လွင် ကပြောသည်။

လက်ရှိမှာ တိုက်ပွဲများ ငြိမ်နေသဖြင့် ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များမိမိနေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် ပုံဝိုးအုပ်စု ဘုန်းကြီးကျောင်းမှ စစ်ရှောင်ကူညီရေးအဖွဲ့မှ နန်းစမ်လျန်းက- “အစိုးရကူညီလာတာက ၁၈ ရက်နေ့။ ဒါပေမယ့် ပုံဝိုးဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ရှောင် ၇၀၀ ကျော်က ၁၆-၁၇ ရက်နေ့ကတည်းက ရွာကို အသီးသီး ပြန်သွားကြပြီ။ နောက်ပြီး ပစ္စည်းတွေက ကျမတို့ နောင်ပိန်ကို သွားယူရတယ်။ စစ်ရှောင်တွေကများတော့ လာပြီးဝေငှရင်တယောက်နဲနဲစီ ရကြတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေအိမ်များလက်နက်ကြီးထိမှန်ထားခြင်း၊ အစိုးရတပ်မတော်မှ တပ်သားများ နေအိမ်အတွင်းသို့ ဝင်ရောက်မွှေနှောက်ထားခြင်း နှင့် အရပ်သားနေအိမ်ခြံဝင်းထဲတွင် လက်နက်ကြီးများ၊ ကျည်ဆံခွံများစွာ ရှိနေကြောင်းလည်း နမ့်မဟင်ကျေးရွာ မှ ဒေသခံများ ပြောပြချက် အရသိရသည်။

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိုးအိမ်များ၊ လက်နက်ထိမှန်ခဲ့သည့် အရပ်သားများ နှင့် ပတ်သက်ပြီး (အောက်တိုဘာ ၁၉ ) ရက်တွင် ပြုလုပ်သည့် သျှမ်းပြည် အစိုးရ အဖွဲ့ ၄ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် သျှမ်းပြည်နယ်အစိုးရ အဖွဲ့မှ တစုံတရာ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...