ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို

ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ  ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။

Photo Kyaukme Youth- ကျောက်မဲလူငယ်များ ငြိမ်းချမ်းရေးအတွက် Silent Campaign ပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ Silent Campaign လုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျနော်တို့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲလောက်အထိ အဲ့မှာ လူ ၃၀ လောက်တွေ့ဆုံပြီးတော့ တိုက်ပွဲတွေ အလိုမရှိတော့တဲ့အကြောင်း၊  ရွေးကောက်ပွဲမကျင်းပရ နယ်မြေလို့သတ်မှတ်ကြေညာ တာကြောင့် နိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ကျနော်တို့ရွာသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်း ဆန္ဒအစစ်အမှန်ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ပြီးတော့ စာရွက်ကြီးအပေါ်ရေးချပြီးတော့ အဲဒီမှာ Silent Campaign လုပ်ကြတာဖြစ်ပါတယ်။ ” ဟု ကျောက်မဲလူငယ်တဉီးဖြစ်သော စိုင်းစွမ်မိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo Kyaukme Youth- ကျောက်မဲလူငယ်များ ငြိမ်းချမ်းရေးအတွက် Silent Campaign ပြုလုပ်

စစ်ဘေးစစ်ဒဏ်ခံရသည့် ကျောက်မဲမြို့နယ် ပုံ၀ိုးအုပ်စု၊ နောင်ဆင်အုပ်စု၊ နမ့်မဟင်အုပ်စု ၊ခန်ခိုင်းအုပ်စုနှင့် ကုန်းစုံအုပ်စုမှ လူငယ်များနှင့် ပုံ၀ိုးအုပ်စုအနီး၀ိုက်ရှိရပ်မိရပ်ဖများသည် ငြိမ်းချမ်းရေးနှင့်အခွင့်အရေး ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပြီး  – “ငါတို့အားလုံးကို လုံလုံခြုံခြုံနဲ့အသက်ရှင် ရပ်တည်ခွင့်ပေးပါ” “ငါတို့လိုချင်တာက ငြိမ်းချမ်းမှုနဲ့တရားမျှတမှု၊ ကျည်ဆံတွေ မလိုချင်ဘူး” “ ကျနော်တို့ပြည်သူတွေလည်း တခြားသူတွေလို မဲပေးချင်တယ်” “ကျွန်ုပ်တို့ကို စာနာနားလည်စွာ ကူညီထောက်ပံ့ပေးကြသော မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ” အစရှိ ဆန္ဒရင်းမှန်များရေးသားထားသော စာရွက်များကိုင်ဆောင်ကာ ငြိမ်သက်စွာဖြင့် ၁၀ မိနစ်ခန့်အကြာ ရပ်တန့်ခဲ့ကြကြောင်း ဆိုပါသည်။

တိုက်ပွဲငြိမ်သွားတုန်း ကျနော်တို့ တိုက်ပွဲကြောင့် ထိခိုက်နစ်နာဒဏ်ရာရသူတွေ သေကြေခဲ့ရသူတွေအတွက် ဆုတောင်းပေးတယ်။ ပြီးတော့ ကျနော်တို့ရွာသားတွေလည်း တခြားနိုင်ငံသားများနည်းတူ တန်းတူညီတူ အခွင့်အရေးတွေရသင့်တယ်ဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုဖော်ထုတ် ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ရွာသားတွေကတော့ ငြိမ်းချမ်းရေးအမှန်လိုချင်ကြတယ်။   ” – ဟုလည်းစိုင်းစွမ်မိန်းက ဖြည့်စွက်ပြောဆိုသည်။

Photo Kyaukme Youth- ကျောက်မဲလူငယ်များ ငြိမ်းချမ်းရေးအတွက် Silent Campaign ပြုလုပ်

ကျောက်မဲမြို့ ပုံ၀ိုးအုပ်စု နောင်ဆင်မ်ရွာသည် ရွေးကောက်ပွဲမကျင်းပနယ်မြေ အထဲတွင်ပါ၀င်ပါ သည်။ မိမိတို့ရွာသားများအရေးဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်ကိုရွေးခြယ်ရန်အခွင့် မရှိတော့သည့်အပေါ် ရွာသားများ မကျေမနပ်ဖြစ်ကြရကြောင်း Silent Campaign တွင်ပါ၀င်လာသူ နောင်ဆင်ဒေသခံများကပြောဆိုနေကြသည်။

အခုလို ရွေးကောက်ပွဲမကျင်းပနဲ့နယ်မြေအဖြစ် ကြေညာလိုက်တာဟာ နိုင်ငံသားအခွင့်အရေးသာမက လူသားတယောက်ရဲ့အခွင့်အရေးအထိပါ ချိုးဖောက်ခံရတာဖြစ်တယ်။ ဒီချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင်ထပြီး ကြိုးစားဆောင်ရွက်မှသာ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးအခွင့်အရေးမျှော်လင့်ချက်ရောင်ခြည်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကျနော်တို့  လိုဘဲ အခွင့်အရေးပိတ်ပင်ခံရတဲ့ လူငယ်အားလုံးကို မိမိတို့နိုင်ငံသားအခွင့်အရေးအတွက် ရဲရဲ၀ံ့၀ံ့ထပြီးဆောင်ရွက်ဖို့တိုက်တွန်းချင်ပါတယ်။” – ဟု လည်း စိုင်းစွမ်မိန်းက ပြောဆိုလိုက်သည်။

Photo Kyaukme Youth- ကျောက်မဲလူငယ်များ ငြိမ်းချမ်းရေးအတွက် Silent Campaign ပြုလုပ်

အဆိုပါဒေသသည် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ၁၃ ရက်နေ့အထိ NCA လက်မှတ်ထိုးသည့် RCSS/SSA အားအစိုးရတပ်မတော်ကထိုးစစ်ဆင်သဖြင့် စစ်ဘေးရှောင် ၄၀၀၀ ထက်မနည်း ရှိခဲ့ပါသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင်ပစ်ခတ်တိုက်ခိုက်သံများငြိမ်သွားပြီဖြစ်သဖြင့် ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေသော စစ်ရှောင်ရွာသားများနေရပ်အသီးသီးပြန်သွားကြပြီဖြစ် သည်။

သို့သော် ရွာများအတွင်း အစိုးရစစ်သားများ နေထိုင်လှုပ်ရှားနေဆဲဖြစ်သည့်အပြင်   မပေါက်ကွဲသေးသည့်လက်နက်ကြီးများ ၊ မိုင်းများ ရှိနေသေးသဖြင့်  အကြောက်တရားနှင့်လွတ်လပ်မှုကင်းမဲ့သည့်အခြေအနေကြား နေထိုင်နေကြောင်း ရွာသားများပြောပြချက်အရသိရသည်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...