ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ်  နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။

နမ့်မဟင်ရွာသားများ၏နေအိမ် မွှေနှောက်ခံရ

အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ  ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။

“တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။ ဗမာစစ်သားတွေရွာထဲမှာရှိနေတုန်းဘဲ။ ကျမတို့ကျွဲနွား၀က်တွေကိုသူတို့သတ်စားကြတာ ရွာအ၀င်ကတည်းက အရိုးတွေ အသေတွေအကြွင်းအကျန်တွေ တွေ့ရတယ်။ အိမ်ရောက်တော့ မွှေနှောက်ခံထားရတယ်ကျမတို့အိမ်တွေ။ အိမ်တိုင်းနီးပါးဘဲ။ ကျမတို့အကြာကြီးမနေရဲကြဘူး ဘုန်းကြီးကျောင်းကိုအမြန်ပြန်လာကြတယ်”– ဟု စစ်ရှောင်ရွာသူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အစိုးရတပ်မတော်နှင့် RCSS/SSA တို့အကြားတိုက်ပွဲမှာ လက်ရှိငြိမ်နေသော်လည်း ကျေးရွာအတွင်း အစိုးရစစ်ကြောင်းက လှုပ်ရှားစခန်းချနေထိုင်နေဆဲဖြစ်သဖြင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းနှင့် နမ့်မဟင်ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်ရွာသားများက နေရပ်မပြန်ရဲကြသေးကြောင်း ရွာသားများကဆိုသည်။

တာလုံရေကာတာတည်ဆောက်ရေးစီမံကိန်းရှိရာ တာလုံရွာအသွားလမ်းတွင်ရှိ စစ်ဒဏ်သင့် နမ့်မဟင်ရွာသည်  အိမ်ထောင်စု ၃၅ စု ၊ လူဉီးရေ ၁၅၀ ကျော်ရှိပါသည်။လက်ရှိတွင် ရွာလုံးကျွတ် ဘုန်းကြီးကျောင်းတွင်စစ်ရှောင်ခိုလှုံနေကြရကြောင်း စစ်ဘေးရှောင်များအား အစားအသောက်အသုံးအဆောင်သွားရောက် ကူညီထောက်ပံ့သော ကျောက်မဲမြို့ခံ အလှူရှင်လူငယ်အဖွဲ့က သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်မဟင်ရွာသားများ၏နေအိမ် မွှေနှောက်ခံရ

အဆိုလူငယ်အဖွဲ့မှ အဖွဲ့၀င်လူငယ် တဉီးက-  “တိုက်ပွဲမရှိတော့လို့ရွာပြန်နေကြဖို့ စစ်တပ်က ရွာသား တွေကို ခေါ်တာ။ အဲတာရွာသားတွေက ရွာပြန်အခြေအနေကြည့်တော့ ကျနော်တို့ပါလိုက်သွား တယ်။ အိမ်တိုင်းလိုလို ပစ္စည်းတွေ အစားအသောက်တွေကိုမွှေနှောက်ထားတာ  ။   ရွာထဲမှာ အရပ်၀တ်တွေနဲ့ ရော ယူနီဖောင်း၀တ်တွေနဲ့ရော ဗမာစစ်သားတွေရှိနေတယ်။ ရွာလမ်းတချို့ထဲဆို သူတို့ပေးမ၀င်ဘူး ရွာသားတွေကို။ မိုင်းဗုံးတွေ ထောင်ထားတယ်။ အဲ့ကြောင့်ရွာသားတွေရော ကျနော်တို့ပါအမြန်ပြန်ထွက် လာတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တိုက်ပွဲများဖြစ်ပွါးသည့်အဆိုပါ နမ့်မဟင်ရွာ၊ ခန်ခိုင်းရွာ၊ လုံ၀ိုင်၊ နားဖင့်၊ နားအော်၊ နားချမ် ရွာများအတွင်း အစိုးရတပ်မတော် တပ်မ ၂၂၊ ၇၇၊ ၈၈ လက်အောက်ခံတပ်များအပြင် ခမရ ၅၀၁ တပ် စုစုပေါင်း ၁၀ တပ်ရင်းထက်မနည်း လှုပ်ရှားနေကြောင်း စစ်ရှောင်ရွာသား ပြောပြချက်အရသိရသည်။

အစိုးရတပ်မတော်သည် အောက်တိုဘာလကုန်အထိ အပစ်ရပ်ကြောင်းကြေညာပြီးနောက်တရက် အဆိုပါဒေသတွင်လှုပ်ရှားနေသော RCSS/SSA တပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားနေချိန် စစ်ဘေးရှောင်ရွာသား ၃၅၀၀ ကျော်အထိရှိလာပြီး ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်း ၇ ကျောင်းတွင် စစ်ရှောင်ခိုလှုံနေခဲ့ရသည်။

၀ါကျွတ်ချိန် ရိုးရာအရ လှူချိန်ဒါန်းချိန်ဖြစ်နေသော်လည်း ရွာသားများမှာ သီးနှံမဆွတ်ရသေးဘဲ စစ်ဘေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...