ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့သည် တိုက်ပွဲဆက်လက်ပြင်းထန်နေသေးသဖြင့် စစ်ရှောင်များလည်း တိုးလာနေခြင်းဖြစ်ပါသည်။

လက်ရှိ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၇၀၀)ကျော်၊ တောင်ထိပ် တွင် (၇၀၀)ကျော်၊ နားဆောင်ရွာ တွင် ၁၀၂ ဦး၊ နောင်ကွမ်ရွာတွင် ၁၀၀ ဦး၊ နမ့်ဟန်ခိန်ရွာတွင် ၄၀၀ ကျော် ၊ ကွမ်ဟင်ရွာ တွင် ၄၀၀ ကျော်နှင့် ကောင်းလန်းရွာတွင် (၂၀၀)ဝန်းကျင်ရှိကြောင်း ကျောက်မဲမြို့စစ်ရှောင်ကော်မတီမှ သိရသည်။

“ စစ်ရှောင်တွေ များလာရင်တော့ နေဖို့နဲ့စားသောက်ဖို့ခက်ခဲမယ်။ အခုရင်ဆိုင်နေရတာကတော့ အိမ်သာကိစ္စပါပဲ။ ကျနော်တို့အမြန်ဆုံး အိမ်သာတွေ တူးပေးနေရတယ်” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)မှ ဥက္ကဌ စိုင်းနေအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လတ်တလော အခြေအနေအရ စစ်ဘေးရှောင်များအတွက် အစားအသောက် အရေးပေါ် လိုအပ်နေ ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပါက စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ ခက်ခဲလာနိုင် ကြောင်း စိုင်းနေအောင်က ပြောသည်။

“ တောင်ထိပ်မှာ ရှိတဲ့ စစ်ရှောင် ၇၀၀ ကျော် အတွက် အခု စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်။ ကျနော်တို့ကို ဖုန်းဆက် အကူအညီတောင်းတယ်။ တိုက်ပွဲဖြစ်တော့ သွားမပို့နိုင်ဘူး။ တိုက်ပွဲကလည်း ဒီနေ့ထိဖြစ်နေသေးတယ်” ဟု စိုင်းနေအောင်က ဆိုသည်။

လက်ရှိ ကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလလည်းဖြစ်သဖြင့် စစ်ဘေးရှောင်များ လူစုလူဝေးမဖြစ်အောင်လည်း ထိန်းသိမ်းနေရကြောင်း၊ ကျန်းမာရေး ကိစ္စ အလေးထားစောင့်ကြည့်နေရကြောင်းလည်း စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် ပရဟိတ အဖွဲ့များက ပြောသည်။

“ ဒီလို ဆက်သွားနေရင် တော့ ကျန်းမာရေးအတွက်လည်း အခြေအနေ ဆိုးလာနိုင်တယ်။ အဓိက ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာစိုးရိမ်ရတယ်” ဟု ပုံဝိုးကျေးရွာသို့ စစ်ဘေးရှောင်နေသည့် အမျိုးသမီး တဦးက ပြောသည်။

ကိုဗစ်-၁၉ ကာလကြောင့် အလှူရှင်များလည်း သွားလာမှု ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် လက်ရှိမှာ အစစအရာရာ အခက်အခဲ ရင်ဆိုင်နေရကြောင်း လည်း စစ်ဘေးရှောင်များကို ကူညီသည့် နန်းကျိန်က ပြောသည်။

“ အခက်အခဲကတော့ အားလုံးပါပဲ။ နေဖို့ရော၊ စားဖို့ရော အစုံပါပဲ။ တဖက်ကလည်း တိုက်ပွဲ ဖြစ်နေတော့ လက်နက်ကြီးတွေ သေနတ်သံတွေကို စိုးရိမ်ရတယ်” ဟု နန်းကျိန် ကဆိုသည်။

လက်ရှိ RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်ရေးပြင်းထန်မှု၊ လျော့ကျမှုသည် တပ်မတော်အပေါ်သာ မူတည်ကြောင်းလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန်လည်း ၁ လ နီးပါးသာကျန်နေသည့်အချိန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလအတွင်း အစိုးရတပ်မတော် အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲဖန်တီးခြင်းသည် ရုပ်ဆိုးကြောင်းလည်း စစ်ရှောင်များက ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားကာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...