Wednesday, January 28, 2026

ရွှေလီတွင် NLD အင်္ကျီဝတ်ဆင်ပြီး အင်အားပြသည့် မြန်မာ ၄၀၀ ကျော် တရုတ်ရဲဖမ်းဆီးထား

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ ရွှေလီမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အင်္ကျီဝတ်ဆင်ပြီး အင်အားပြသည့် မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို တရုတ်ရဲမှ ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း စုံစမ်းသိရသည်။

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာနိုင်ငံသား ၄၀၀ ကျော်သည် အောက်တိုဘာ ၈ ရက် ယနေ့ မနက်ပိုင်းက NLD တံဆိပ်ပါ အနီရောင်စည်းရုံးမဲဆွယ်ရေးအင်္ကျီကို ဝတ်ဆင်ပြီး လူစု ဝေး၊ စီတန်း လှည့်လည်မှု ပြုလုပ်သဖြင့် တရုတ်ရဲမှ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ရွှေလီမြို့ မြန်မာလူမှုပရဟိတ အဖွဲ့မှကိုချမ်းမြေ့ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မြန်မာနိုင်ငံသား ၄၀၀ကျော်ပါ။ တရုတ်ရဲ က နေ့လည်က ဖမ်းဆီးလိုက်တာပါ။ ရွှေလီထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်” ဟု ကိုချမ်းမြေ့က ပြောပြသည်။

အဆိုပါလူစုသည် စီတန်းလှည့်လည်မှု မပြုလုပ်ခင်က တရုတ်ရဲမှ တားမြစ် သတိပေးထား ပြီးဖြစ်ကြောင်း၊ လက်ရှိကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့် မပြုလုပ်သင့်ကြောင်းလည်း ကိုချမ်းမြေ့က ဆိုသည်။

“ သူများ တိုင်းပြည်မှာ သူတို့စည်းကမ်းလိုက်နာရမယ်။ အဲ့လို မလုပ်ဖို့ ကျနော်တားတာတောင် ဒီမိုကရေစီ ခေတ်လို့ ကျနော့်ကိုပြောတယ်။ တရုတ်က ဒီမိုကရေစီ မဟုတ်ဘူး။ ကွန်မြူနစ် နိုင်ငံဆိုတာ သိဖို့လိုအပ်တယ်။ နောက် ဒါက ကိုယ်နိုင်ငံမဟုတ်ဘူးလေ” ဟု ရွှေလီတွင် ရောက်ရှိနေသည့် ကိုစိုင်း က ပြောသည်။

ယခု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် အချိန်ကာလအတွင်း တရုတ်နိုင်ငံက စည်းကမ်းတင်းကြပ် မှု များစွာ ချထားသည့်ကြားမှ မြန်မာနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် လွန်စွာမသင့်တော်သည့်လုပ်ရပ်ဖြစ်ကြောင်း ကိုစိုင်းက ပြောသည်။

“ ဘယ်ပါတီကိုပဲ ထောက်ခံ ထောက်ခံ ရပါတယ်။ ဒါပေမယ့်ကာလဒေသဆိုတာ သိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်လူတွေပဲ ခံရမှာပါ။ တရုတ်ကတော့ သူ့ဥပဒေ အတိုင်းပဲဆက်လုပ်မှာပဲ” ဟု တရုတ်နယ်စပ် မူဆယ်မြို့တွင် နေထိုင်သည့် စိုင်းလှ က ပြောသည်။

NLD စည်းရုံးရေးအင်္ကျီများ ဝတ်ဆင်ကာ စီတန်းလှည့်လည် သည့် မြန်မာနိုင်ငံသား ၄၀၀ကျော်သည် လက်ရှိ တရုတ်ဘက်ခြမ်းရှိ ထောင်ထဲတွင် ထိန်းသိမ်းခံထားရပြီး၊ မည့်ကဲ့သို့ ဆက်လက် လုပ်ဆောင်သွားမည်ကို မသိရှိသေးပေ။

မြန်မာနိုင်ငံတွင် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီကြီးများက မြို့ကြီးတချို့အတွင်း ရပ်ရွာများအတွင်း ကိုဗစ်-၁၉ စိန်ခေါ်မှုကြား စီတန်းလှည့်လည် မဲဆွယ်စည်းရုံးရေးဆင်းနေကြသည်။ သျှမ်းပြည်အတွင်းတွင်မူ တိုက်ပွဲများဖြစ်ပွါးနေမှုကြောင့် သျှမ်းပါတီများ စည်းရုံးရေးမဆင်းနိုင်ကြပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...