ကျောက်မဲ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများ (၂၀၀၀) ကျော် သည် အောက်တိုဘာ (၁၈)ရက် တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၂၀၀၀ ကျော်လောက်တော့ ပြန်သွားကြပြီ။ ၃၀၀ လောက်ပဲ ကျန်မယ်။ တချို့နေရာမှာလည်း စစ်တပ်ရှိမယ်။ တချို့နေရာတော့ မရှိတော့ဘူး။ နောင်ဆင် တော့ရှိတယ်။ မြစ်ဘေးက ရွာဖြစ်နေတော့ အဲ့နားလေးမှာ စစ်တပ်က ရှိနေတယ်။ အဲ့ရွာတော့ သူတို့ မပြန်သေးဘူး” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် ကပြောသည်။

နေရပ်ပြန်သည့် စစ်ရှောင်များသည် ပုံဝိုးကျေးရွာ ၊ကွန်ဟင်ကျေးရွာ၊ တောင်ထိပ်ရွာ ၊ ကောင်းလန်းကျေးရွာ နှင့် နောင်ကွမ် ကျေးရွာများမှရွာသားများဖြစ်ကြကြောင်း သိရသည်။

“ခုလက်ရှိက ၃ ကျောင်းလောက်ပဲ ကျန်မယ်။ အဲ့ ၃ ကျောင်းက စစ်တပ်ဘက်က ရွာထဲမှာ ရှိနေသေးလို့ သူတို့က မပြန်သေးတာ။ ကျန်တဲ့ဟာကတော့ အကုန် ပြန်ပြီ” ဟု နန်းအိမွန်အောင် ကပြောသည်။

ယနေ့ အောက်တိုဘာ (၁၉) ရက်မှာ တိုက်ပွဲဖြစ်သည့် ကျေးရွာများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲအခြေနေတော့ ပြောလို့မရဘူး။ သူတို့ရဲ့ စိတ်က ခန့်မှန်းလို့မရဘူး ဗုံးတွေများ ထားကောင်းထားနိုင်တယ် ရှိကောင်းရှိနိုင်တယ်။ ဒါက ကိုယ့်ရဲ့ သုံးသပ်ချက်ပေါ့။ ဒါမယ့် ဒီနေ့ သွားပြီးတော့ စစ်ဆေးမယ့် အဖွဲ့တွေ ရှိတယ်” ဟု နန်းအိမွန်အောင် ကပြောသည်။

တိုက်ပွဲငြိမ်သက်နေသော်လည်း အစိုးရစစ်တပ်၏ တပ်သားများက ရွာမှ မထွက်ခွါပေးလျှင် စိုးရိမ်စရာ ရှိနေကြောင်း ဒေသခံများကပြောဆိုကြသည်။

“ စစ်ရှောင် အားလုံးနီးပါးပြန်ပြီ၊နမ့်မဟင်ကျေးရွာက အိမ်တွေ တော်တော်များများ မွှေနှောက်ခံ ထားရတယ်။ ပျက်စီးနေတယ်” ဟု နမ့်မဟင်ကျေးရွာမှ နန်းလှက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အစိုးရတပ်မတော်သည် နမ့်မဟင်ကျေးရွာအတွင်းသို့ တပ်စခန်းချကာ ဒေသခံနေအိမ်ထဲသို့ ဝင်ပြီး အဝတ်အစားများမွှေနှောက် ယူဆောင်သွားခြင်း၊ စားသုံးကုန်ပစ္စည်းများယူဆောင်သွားခြင်းတို့ရှိကြောင်း နန်းလှ ကပြောသည်။

“ ရွာထဲဝင်လာတော့ ကျွဲတွေသေတယ်။ ကြက်တွေလည်းမရှိတော့ဘူး။ အိမ်ထဲမှာလည်း ရစရာမရှိအောင် ရှာပြီးယူသွားတယ်” ဟု နန်းလှ က ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ ၂ ရက်မှ စပြီး ၁၁ ရက်ထိ အစိုးရတပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရပ်ရွာနေအိမ်အတွင်း လက်နက်ကြီးများ ကျသဖြင့် ဒေသခံလူထု ထိခိုက်ဒဏ်ရာရ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။

အစိုးရတပ်မတော် နှင့် RCSS/SSA တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူ ၃၅၀၀ ကျော် ရှိခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်သည် သီးနှံဆွတ်ခူးသည့် အချိန်ဖြစ်သဖြင့် တိုက်ပွဲများ မဖြစ်စေချင်ကြောင်း၊ စစ်ကြောင်းများလည်း နောက်ဆုတ်ပေးမှသာလျှင် စစ်ရှောင်များ နေရပ်ပြန်နိုင်မည်ဖြစ်သဖြင့် တိုက်ပွဲများ မဖြစ်ပွားစေရန်၊ တိုက်ပွဲများ လုံးဝရပ်တန့်ပေးရန် စစ်ရှောင်များက တိုက်တွန်းတောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...