ကျောက်မဲ ပုံဝိုးစစ်ရှောင်စခန်းအနီး စစ်ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ စစ်ရှောင်များခိုလှုံရာဘုန်းကြီးကျောင်းအနီး တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် လက်နက်အင်အားတို့ကို ထပ်မံဖြည့်တင်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လှန့်နေကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အေ ရှ့မြောက်တိုင်း(ရမခ)စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် (၄)စီးဖြင့် လူအင်အား၊ လက်နက်အင်အားတို့ကို တင်ဆောင်ကာ ကျောက်မဲမြို့ ပုံဝိုးကျေးရွာဘုန်းကြီးကျောင်းစစ်ရှောင်များရှိရာအနီးတွင် အားဖြည့်ချပေး ကြောင်းစစ်ရှောင်များကပြောသည်။

“ဒီနေ့ သူတို့ ၂ ခေါက်တောင်လာတယ်။ (၄) စီးလာတယ်။ ၂ စီးက ပစ္စည်းချပြီး ၂ စီးက ကောင်းကင်ပေါ်မှာ ပျံနေတယ်။ ပစ္စည်းချပြီးရင် လေယာဉ်၂ စီးလုံး ကအတူတူပြန်သွားကြတယ်” ဟု ပုံဝိုးကျေးရွာနေ မြင်တွေ့ရသူ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ရဟတ်ယာဉ်ဖြင့်လာသော စစ်သားများသည် ရွာဘက်သို့ ခြေကျင်ဖြင့်ဆက်လျှောက်သွားကြောင်း ၎င်း အမျိုးသမီး ကပြောသည်။

“ အဲဒီရဟတ်ယာဉ်နဲ့လာတဲ့ စစ်သားတွေက ရွာထဲဝင်လာပြီး ၅ မိနစ်လောက်သေနတ်ပစ်ပြီးတော့ တောင်ပေါ်ဆက်တက်သွားတယ်။ ” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

လက်ရှိ ပုံဝိုးကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၇၀၀ ကျော်ရှိပြီး၊ တိုက်ပွဲဆက်လက်ပြင်းထန်လာ မည်ကို ၎င်းတို့ကစိုးရိမ်နေကြသည်ဟုဆိုပါသည်။

“ စစ်ရေးက ဘယ်လို ထပ်လာမယ်မလဲဆိုတာ မသိဘူး။ တိုက်ပွဲတွေမဖြစ်စေချင်ဘူး။ နေ့တိုင်းနီးပါး သေနတ်သံတွေ ကြားနေရတယ်။ ကျေးရွာအနီးတွေမှာတော့ မ ဖြစ်စေချင်ဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီး နန်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် အောက်တိုဘာ ၂ ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေး ပြင်းထန်နေသေးကြောင်းသိရသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါး ရှိပြီး၊ စားဝတ်နေရေး အတွက် ခက်ခဲနေကြောင်း သိရသည်။

အလုပ်သင်သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...