Tuesday, January 27, 2026

ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဗုံးစ ထိမှန်သည့် အမျိုးသမီး Photo by Sai Mya Tun Soihurng/ Facebook

ယမန်နေ့(အောက်တိုဘာ ၉ )ရက် ည ၈နာရီ မှ ၉ နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ပြီး၊ အိမ်ခြေ ၃အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် တွင် SNLD ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းအိမွန်အောင် (ခ) နန်းလောဝ်လောဝ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အမျိုးသမီး ဗုံးစထိမှန်တာဟုတ်ပါတယ်။ နဖူးနဲ့ ဒူးနားထိပါတယ်။ ဒီမနက်တော့ ဆေးရုံသွားပြ ခဲ့တယ်။ ဆေးပဲလိမ်းပြီး ပြန်လွှတ်တယ်။ ဓာတ်မှန်မရိုက်ပေးသေးဘူး” ဟု နန်းလောဝ်လောဝ် က ဆိုသည်။

Photo by Sai Mya Tun Soihurng/ Facebook

ဗုံးစ ထိမှန်သည့် အမျိုးသမီးကို ကျောက်မဲဆေးရုံမှ တနင်္လာနေ့ပြန်လာပြရန် ရက်ချိန်းခဲ့ကြောင်း၊ ဓာတ်မှန်လည်း မရိုက်ပေးသည့် အတွက် ဗုံးစများအသားထဲတွင် ရှိ၊မရှိ မသိရှိရသေးကြောင်းလည်း နန်းလောဝ်လောဝ် က ပြောသည်။

“ ကျမ ဆေးရုံထပ်သွားပြောရအုံးမယ်။ သူတို့ဘာကြောင့် ဓာတ်မှန်မရိုက်ပေးလဲဆိုတာ ဒါက အရေးကြီးတယ် လေ” ဟု နန်းလောဝ်လောဝ် က ထပ်လောင်းပြောသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်သည့် ကျွဲကုန်းကျေးရွာသည် ကျောက်မဲမြို့ အဝင်လမ်းခွဲတွင်သာရှိပြီး၊ ပစ်ခတ်သည့် အသံသည် တဖက်သာပစ်ခတ်သည့် အသံများဖြစ်နေကြောင်း ကျွဲကုန်းကျေးရွာ မှ ပြည်သူများက ပြောသည်။

Photo by Sai Myat Tun Soihurng/ Facebook

“ မနေ့က အသံအကျယ်ကြီးပဲ ဒီကလူတွေအသံကြားတာလဲ အိမ်ထဲမှာပဲ နေနေရတယ်” ဟု ကျွဲကုန်းဒေသခံ တဦး ကပြောသည်။

လက်ရှိ မှာလည်း ကျွဲကုန်းကျေးရွာအတွင်း တပ်မတော်မှ တပ်သားများ သွား၊လာ လှုပ်ရှားနေသဖြင့် ပြည်သူများအနေဖြင့်စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြောင်းလည်း သိရသည်။

“ မနေ့ညက တဖက်သတ် လျှောက်ပစ်နေတာ။ အခုလည်း ကျေးရွာထဲမှာ စစ်သားတွေ လမ်းလျှောက်ပြီး ရွာထဲကို ပတ်နေတာ။ ဘာလုပ်ကြလဲ မသိဘူး” ကျွဲကုန်း ဒေသခံတဦးက ဆိုသည်။

မြန်မာနိုင်ငံတဝှမ်း ၂၀၂၀ ပါတီစုံရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကျင်းပရန် တလ သာကျန်ချိန်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးများ ပြင်းထန်လာသည်။

ထိုစစ်ရေးသည် အောက်တိုဘာ ၂ရက် မှ စတင်ကာ ယနေ့ချိန်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲ ပြင်းထန်နေဆဲ ဟုသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကျောက်မဲမြို့နယ် အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် နန်းလောဝ်လောဝ် က “စစ်ပွဲတွေရပ်ပေးပါ။ လောလောဆယ်ရွေးကောက်ပွဲထက် အရေးကြီးတဲ့ ပြည်သူလူထုကို ထိခိုက်နေတယ်။ ပြည်သူလူထု မျက်ရည်တွေကျနေရတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် ပြည်သူများသည် အကူအညီကင်းမဲ့နေသည့်ခံစားချက် ၊ မျက်နှာထားညိုးနွမ်ကာ ဝမ်းနည်းပူဆွေး ငိုယိုနေကြသည် ကို မြင်ရသည့်အတွက် မခံစားနိုင်ကြောင်း၊ ထို့ကြောင့် တိုက်ပွဲအမြန်ရပ်တန့်ရန် လိုအပ်ကြောင်း နန်းလောဝ်လောဝ်က တောင်းဆိုလိုက်သည်။

ကျောက်မဲအတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် အတွင်းစစ်ဘေးရှောင် ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...