ကျောက်မဲ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ဇူလိုင် (၁၉)ရက်နေ့က ကိုဗစ် − ၁၉ ကူးစက်ခံရသူ ၃၂ ဦးရှိကာ ထိုထဲတွင် ရဲဝန်ထမ်း ၁၆ ဦးပါဝင်ပြီး၊ သေဆုံးသူ (၄)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ မနက်ပိုင်းတွင် နောင်ပိန်ရဲစခန်းမှ (ရခိုင်ပြန်) ရဲဝန်ထမ်း (၄)ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် မြို့တော်ခန်းမမှာ အသွားအလာကန့်သတ်ထားသည့် ရဲဝန်ထမ်း (၁၂)ဦးတွင်လည်း ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကားကြီးတွေနဲ့ လူအုပ်ကြီးရောက်လာတော့ လန့်သွားတာပေါ့၊ ဘယ်ကလည်း မသိ၊ ခုလို ကိုဗစ်ကာလကြီးမှာ ရောက်လာတာဆိုတော့ ပိုပြီး စိုးရိမ်ရတယ်လေ၊ ရောက်တဲ့နေ့ကဆိုရင် Mask တွေလည်း မတပ်ကြဘူး။ ခန်းမရှေ့နားမှာ သွားလာနေကြတာ” ဟု မြို့တော်ခန်းမအနီး နေထိုင်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့်အပတ်က ရခိုင်ပြည်နယ်နှင့် အခြားဒေသမှ ပြောင်းရွှေ့လာသော ရဲတပ်ဖွဲ့ဝင်များသည် သျှမ်းမြောက် ကျောက်မဲမြို့ရှိ မြို့တော်ခန်းမ၊ မိုးလုံလေလုံခန်းမ၊ မြို့မရဲစခန်းနှင့် နောင်ပိန်ရဲစခန်းတို့တွင် အသွားအလာ ကန့်သတ်ထားကြောင်း၊ ရဲတပ်ဖွဲ့အင်အား (၁၃၀)ခန့်ရှိကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပိုပြီးတော့ စိုးရိမ်ရတာက တချို့ဈေးသည်တွေပါ၊ ခုရက်ပိုင်း ဈေးတွေပိတ်ထားတော့ ဈေးရောင်းပါးတယ်၊ အဲ့တော့ အသွားအလာကန့်သတ်ထားတဲ့နေရာ၊ လူအများကြီးရှိတဲ့ ခန်းမအနီးနားမှာ ဈေးသွားရောင်းကြတာတွေ တွေ့နေရတယ်” ဟု ရပ်ကွက် (၁)တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်လူနာများထဲတွင် ဈေးသည်များလည်း ပါဝင်နေသည့်အတွက် ကိုဗစ်ရောဂါပိုး ပိုမိုပျံနှံ့မှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ကျောက်မဲမြို့တွင် ဇူလိုင် (၁၉)ရက်နေ့ ညပိုင်းအထိ ကိုဗစ် ကူးစက်ခံရသူ (၃၀၀)ခန့်ရှိနေပြီး သေဆုံးသူ (၁၂)ဦးခန့်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။